ယေရမိမြည်တမ်းစကား 2:8
ထာဝရဘုရား သည် ဇိအုန် သတို့သမီး ၏မြို့ရိုး ကို ဖြိုဖျက် မည်ဟု အကြံ တော်ရှိသည်အတိုင်း ၊ ကြိုး ကိုတန်း ၍ အစဉ်မပြတ်ဖြိုဖျက် တော်မူသဖြင့် ၊ အတွင်းမြို့ရိုး နှင့် ပြင်မြို့ရိုး တို့သည် အတူ ညည်းတွား ၍ ငိုကြွေးမြည်တမ်းရမည် အကြောင်းပြု တော်မူပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 2
Cross References
2 Samuel 8:2မောဘ ပြည်ကိုလည်း လုပ်ကြံ ၍ ပြည်သားတို့ကို မြေ ပေါ် မှာ လှဲချ သဖြင့်၊ ကြိုး နှင့် တိုင်း လျက် သုံးစုတွင် နှစ် စုကိုသတ် ၏။ တစုကိုချမ်းသာ ပေး၏။ ထိုသို့ မောဘ အမျိုးသားတို့သည် ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ၏။
Job 13:21လက် တော်ကိုသိမ်း တော်မူပါ။ ကြောက်မက် ဘွယ်သော အခြင်းအရာတော်အားဖြင့်အကျွန်ုပ် ကို ချောက် တော်မ မူပါနှင့်။
Isaiah 5:5ယခု နားထောင်ကြ။ ငါ့ စပျစ် ဥယျာဉ်၌ ငါ ပြု ရမည်အမှု ကို သင် တို့အား ငါဘော်ပြ မည်။ စောင်းရန်း ကို ငါပယ်ရှင်း သဖြင့် ၊ သူတပါးတို့သည် စား ကြလိမ့်မည်။ အုတ်ရိုး ကိုငါဖြို သဖြင့်၊ သူတပါးတို့သည် ကျော်နင်း ကြ လိမ့်မည်။
Isaiah 28:17တရား မှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်း ကို မျဉ်း ကြိုးနှင့် မှန်ထုပ် အားဖြင့်ငါ ပြုမည်။ မိုဃ်းသီး ရွာ၍ ကိုးစား ရာ မုသာ ကို ပယ်ရှား လိမ့်မည်။ ပုန်း ကွယ် ရာအရပ်ကိုလည်း ရေ လွှမ်းမိုး လိမ့်မည်။
Jeremiah 5:10မြို့ရိုး ပေါ် သို့တက် ၍ ဖျက်ဆီး ကြလော့။ ပျက်စီး ခြင်းကို မ စဲ စေကြနှင့်။ ခြေ လက်တို့ကို ပယ်ရှင်း ကြလော့။ ထာဝရဘုရား ဆိုင်တော်မ မူ။
Jeremiah 52:13ဗိမာန် တော်၊ နန်း တော်၊ မင်း အိမ် ၊ ဆင်းရဲသားအိမ် ရှိသမျှ တို့ကို မီး ရှို့ လေ၏။