Isaiah 28:17
တရား မှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်း ကို မျဉ်း ကြိုးနှင့် မှန်ထုပ် အားဖြင့်ငါ ပြုမည်။ မိုဃ်းသီး ရွာ၍ ကိုးစား ရာ မုသာ ကို ပယ်ရှား လိမ့်မည်။ ပုန်း ကွယ် ရာအရပ်ကိုလည်း ရေ လွှမ်းမိုး လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 9:18ကြည့်ရှု လော့။ အဲဂုတ္တု ပြည် တည် သည်ကာလ မှ စ၍ယခု တိုင်အောင် မ ရွာ ဘူးသော အလွန် ကြီးစွာ သော မိုဃ်းသီး ရွာခြင်းကို နက်ဖြန် နေ့ ဤအချိန် ၌ ငါ ဖြစ် စေမည်။
2 Kings 21:13ယေရုရှလင် မြို့ အပေါ် မှာ ရှမာရိ မျဉ်းကြိုး နှင့် အာဟပ် အမျိုး ၏ ချိန်ကြိုး ကို ငါတန်းချ မည်။ ပုကန် ကို သုတ် ၍ သုတ် ပြီးမှ မှောက် ထားသကဲ့သို့ ယေရုရှလင် မြို့ကို ငါပြု မည်
Psalms 94:15တဖန် ဖြောင့်မတ် ခြင်းတရားဘက် ၌ စီရင် ဆုံးဖြတ်တော်မူ၍ ၊ သဘော ဖြောင့် သောသူအပေါင်း တို့ သည် နောက် တော်သို့လိုက်ကြပါလိမ့်မည်။
Isaiah 10:22အိုဣသရေလ အမျိုး ၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာ သဲလုံး နှင့် အမျှ များသော်လည်း ၊ ကြွင်း သောသူတို့ သာလျှင် ပြန် လာကြလိမ့်မည်။ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်း ခြင်းသည် တရား သဖြင့် လွှမ်းမိုး ရ လိမ့်မည်။
Isaiah 28:2ထာဝရ ဘုရား၌ ခွန်အား တန်ခိုးကြီး သောသူသည်၊ မိုဃ်းသီး ပါလျက် ဖျက်ဆီး သော မိုဃ်း သက်မုန်တိုင်း ကဲ့သို့ ၎င်း၊ ပြင်း စွာထ၍ လွှမ်းမိုး သော ရေကြီးကဲ့သို့၎င်း၊ မြေ တိုင်အောင် ပြင်းစွာချ ပစ်လိမ့်မည်။
Isaiah 30:28ထွက် သက်တော်သည်လည်း၊ လူမျိုး တို့ကို ရှင်းရှင်းဖျက်ဆီး ခြင်းငှါ ၊ လွှမ်းမိုး သောရေ ကဲ့သို့ လည်ပင်း ကို မှီ လိမ့်မည်။ လမ်း လွဲစေသောဇက် ကို သူ တို့ပစပ် ၌ ခွံ့တော်မူလိမ့်မည်။