ယေရမိမြည်တမ်းစကား 4:13
ယေရုရှလင် မြို့အလယ် ၌ ဖြောင့်မတ် သောသူတို့ ကိုသတ် တတ်သောမြို့ သားပရောဖက် တို့၏ ဒုစရိုက် များနှင့်၊ ယဇ်ပုရောဟိတ် တို့၏ အပြစ် များကြောင့် ဤအမှုသည် ရောက် လေပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 4
Cross References
Jeremiah 2:20ရှေး ကာလ၌ သင် ထမ်းရသောထမ်းဘိုး ၊ သင် ၌ ချည်သော နှောင်ဖွဲ့ ခြင်းကို ငါချိုးချွတ် ၍ သင်က၊ အကျွန်ုပ်သည် မ မှားယွင်း ဘဲ နေ ပါမည်ဟု ဂတိ ထား သော်လည်း ၊ မြင့် သောတောင် ရှိသမျှ အပေါ် ၌၎င်း ၊ စိမ်း သောသစ်ပင် ရှိသမျှ အောက် ၌၎င်း ၊ ကိုယ် ကိုချ၍ ပြည်တန်ဆာ လုပ် လေ၏။
Jeremiah 6:13အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သော သူအပေါင်း တို့သည် မတရား သော စီးပွားကိုရှာကြ၏။ ပရောဖက် မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။
Jeremiah 23:11ပရောဖက် နှင့် ယဇ်ပုရောဟိတ် နှစ်ပါးတို့သည် ဘုရားကို မရိုမသေ ပြုကြပြီ။ ငါ့ အိမ် ၌ ပင် သူ တို့ပြုသောအဓမ္မ အမှုကို ငါတွေ့ ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
Lamentations 2:14သင် ၏ပရောဖက် တို့သည် အချည်းနှီး သော အရာ၊ မိုက် သောအရာတို့ကို သင် အဘို့ မြင် ကြပြီ။ သိမ်းသွား ချုပ်ထားသော အမှုကိုပြေ စေခြင်းငှါ ၊ သင် ၏ အပြစ် ကို မ ဘော် မပြဘဲ မှား သောရူပါရုံ ၊ လမ်း လွဲစရာ အရာကို သင့် အဘို့ မြင် ကြပြီ။
Ezekiel 22:25ထိုပြည် အလယ် ၌ ပရောဖက် တို့သည် သင်းဖွဲ့ ခြင်းကို ပြုကြပြီ။ ဟောက် ၍အကောင် ကို ကိုက်ဖြတ် သော ခြင်္သေ့ ကဲ့သို့ လူ တို့ကို ကိုက်စား ကြ၏။ ဘဏ္ဍာ များနှင့် အဘိုး ထိုက်သော ဥစ္စာများကို လုယူ ကြ၏။ ပြည် အလယ် ၌ မုတ်ဆိုးမ တို့ကို များပြား စေကြ၏။
Ezekiel 22:27မင်း တို့သည်လည်း အကောင် ကို ကိုက်ဖြတ် သော တောခွေး ကဲ့သို့ ပြည် အလယ် ၌ ဖြစ်၍၊ မတရား သော စီးပွားကို ရှာ လိုသောငှါ လူအသက် ကိုသတ် ၍၊ သူတပါး တို့ကို သုတ်သင် ပယ်ရှင်းတတ်ကြ၏။