ယေရမိအနာဂတ္တိကျမ်း 6:13
အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သော သူအပေါင်း တို့သည် မတရား သော စီးပွားကိုရှာကြ၏။ ပရောဖက် မှစ၍ ယဇ်ပုရောဟိတ် ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 6
Cross References
Isaiah 56:9အို လယ်ပြင် သား အပေါင်း နှင့် တော ၌ လည် သော သားရဲ အပေါင်း တို့၊ ကိုက်စား ခြင်းငှါ လာ ကြလော့။
Isaiah 57:17သူ ၏လောဘ လွန်ကျူးခြင်း အပြစ် ကြောင့် ၊ ငါသည် အမျက် ထွက်၍ ဒဏ်ခတ် လေ၏။ အမျက် ထွက်၍ မျက်နှာကို လွှဲ လေ၏။ သူသည်လည်း မိမိ အလို ရှိရာ လမ်း သို့ လွှဲ သွားလေ၏။
Jeremiah 2:26ဘမ်းမိ သောသူခိုး သည် ရှက် သကဲ့သို့ ၊ ဣသရေလ အမျိုး ၏ ရှင်ဘုရင် ၊ မင်းသား ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် နှင့်တကွ အမျိုးသား များ တို့သည် ရှက် ကြ၏။
Jeremiah 8:10ထိုအကြောင်းကြောင့်၊ သူ တို့မယား များကို သူတပါး တို့၌ ငါအပ် မည်။ သူ တို့လယ်ယာ များကို သူတပါးတို့အား အပိုင် ပေးမည်။ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သောသူ အပေါင်း တို့သည် မတရားသော စီးပွား ကို ရှာကြ၏။ ပရောဖက် မှ စ၍ ယဇ် ပုရောဟိတ်ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။
Jeremiah 22:17သင် ၏ မျက်စိ နှင့် သင် ၏နှလုံး မူကား ၊ လောဘ လွန်ကျူးခြင်း၊ အပြစ် မရှိသောသူကို သတ် ခြင်း၊ ညှဉ်းဆဲ နှိပ်စက် ခြင်းမှတပါး ၊ အဘယ်အမှုကိုမျှ မ မှတ် တတ်။
Jeremiah 23:11ပရောဖက် နှင့် ယဇ်ပုရောဟိတ် နှစ်ပါးတို့သည် ဘုရားကို မရိုမသေ ပြုကြပြီ။ ငါ့ အိမ် ၌ ပင် သူ တို့ပြုသောအဓမ္မ အမှုကို ငါတွေ့ ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။