ဝတ်ပြုရာကျမ်း 1:17
အတောင် ပါလျက် ငှက်ကောင်ကိုခွဲ ဖွင့်၍ ၊ ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်ပေါ် ၌ရှိသောထင်း မီး အပေါ် မှာ မီး ရှို့ရမည်။ မီး ရှို့သောယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 8:21ထာဝရဘုရား သည်လည်း မွှေးကြိုင် သော အနံ့ ကို ခံယူ ၍ ၊ ငါသည် နောက်တဖန် လူတို့အတွက် မြေကြီး ကို မ ကျိန်။ အကြောင်းမူကား ၊ လူ တို့သည် ငယ် သောအရွယ်မှစ၍ ၊ စိတ် နှလုံးအကြံအစည် ဆိုး ကြ၏။ ငါသည် ယခုတခါ ပြု ပြီးသကဲ့သို့ ၊ အသက် ရှင်သောအရာရှိသမျှ တို့ကို နောက် တဖန်ဒဏ် မ ခတ်။
Leviticus 1:9ခြေထောက် နှင့် အအူ အစရှိသည်တို့ကို ရေ နှင့် အရင်ဆေး ရမည်။ ယဇ် ပုရောဟိတ်သည်၊ ထိုယဇ် တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။
Leviticus 2:2အာရုန် ၏သား ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့၍ ၊ ယဇ် ပုရောဟိတ်သည် မုန့်ညက် တလက် ဆွန်း၊ ဆီ အချို့၊ လောဗန် ရှိသမျှ ကို ယူ ၍ ၊ ထိုအတွက် အတာကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။
Leviticus 5:8ယဇ်ပုရောဟိတ် ရှေ့ သို့ ဆောင် ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည် အပြစ် ဖြေရာ ယဇ်ကောင်ကို အရင် ပူဇော် လျက် ၊ ခေါင်း ကိုလိမ် ၍ ဖြတ်ရမည်။ ကိုယ်ကို ရှင်းရှင်းမ ခွဲ ရ။
Leviticus 8:21ဝမ်းထဲ ၌ရှိသောအရာနှင့် ခြေ တို့ကို ဆေးကြော ၍ ၊ သိုး တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။ မွှေးကြိုင် ရာဘို့ မီး ရှို့သော ယဇ်ဖြစ်သတည်း။ မီး ဖြင့် ထာဝရဘုရား အား ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။
Numbers 28:8အခြား သော သိုးသငယ် ကို ညဦးယံ ၌ ပူဇော် သောအခါ ၊ နံနက်ယံ ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက်၊ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် ပြည့်စုံ၍ မီး ဖြင့်ပူဇော်သော ယဇ်ကို ပြု ရမည်။