The Bible Software
ဝတ်ပြုရာကျမ်း · မြန်မာကျမ်းစာ

ဝတ်ပြုရာကျမ်း 1

1ထာဝရဘုရား သည် ပရိသတ်စည်းဝေး ရာ တဲ တော်ထဲက အသံကို လွင့်လျက် မောရှေ ကို ခေါ် တော်မူ၍ ၊

2သင်သည် ဣသရေလ အမျိုးသား တို့ကို ဆင့်ဆို ရမည်မှာ၊ သင် တို့တွင် တစုံ တယောက်သောသူသည် ထာဝရဘုရား အား ပူဇော် သက္ကာကို ပြုလိုလျှင် ၊ ယဉ်သောတိရစ္ဆာန် တည်းဟူသောနွား ၊ သိုး ၊ ဆိတ်ကို ဆောင် ခဲ့၍ ဆက်ရမည်။

3နွား ကို မီးရှို့ ရာယဇ် ပြုလိုလျှင်၊ အပြစ် မပါသော အထီး ကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ် တော်နှင့် တွေ့ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး အနားမှာ ဆက် ရမည်။

4ပူဇော် သော နွား၏ခေါင်း ပေါ် မှာ မိမိ လက် ကို တင် ရသဖြင့် ၊ သူ ၏အပြစ် ကို ဖြေမည်အကြောင်း လက်ခံ တော်မူမည်။

5ထာဝရဘုရား ရှေ့ တော်၌ ထိုနွား ကိုသတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည် အသွေး ကိုယူ ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး အနားယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။

6ပူဇော် သောသူသည် ထိုအကောင်၏ အရေ ကို ချွတ်၍ အပိုင်းပိုင်း ဖြတ် ရမည်။

7အာရုန် ၏သား ၊ ယဇ် ပုရောဟိတ်တို့သည်၊ ယဇ် ပလ္လင်ပေါ် မှာ မီး ကိုထည့် ၍ မီး ပေါ် မှာ ထင်း ကိုခင်း ပြီးမှ၊

8ထင်း ပေါ် မှာ ခေါင်း ၊ ဆီဥ ၊ သား တစ်များကို တင် ရမည်။

9ခြေထောက် နှင့် အအူ အစရှိသည်တို့ကို ရေ နှင့် အရင်ဆေး ရမည်။ ယဇ် ပုရောဟိတ်သည်၊ ထိုယဇ် တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။

10သိုး ၊ ဆိတ် ကို မီး ရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ် မပါသော အထီး ကို ဆောင် ခဲ့၍၊

11ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပလ္လင်မြောက် ဘက်နား မှာ သတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည်၊ အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။

12ပူဇော်သောသူသည် အပိုင်း ပိုင်းဖြတ် ၍ ခေါင်း နှင့် ဆီဥ ကို စုထားပြီးလျှင်ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်ပေါ် ၌ ရှိသော ထင်း မီး အပေါ် မှာ ခင်း ရမည်။

13ခြေထောက် နှင့် အအူ အစရှိသည်တို့ကို ရေ နှင့် အရင် ဆေး ရမည်။ ယဇ် ပုရောဟိတ်သည် တကောင်လုံး ကို ဆောင် ခဲ့၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ မီး ရှို့သော ယဇ်ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့်ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။

14ထာဝရဘုရား အား ငှက် ကို မီး ရှို့ရာယဇ်ပြုလိုလျှင် ၊ ခို ဖြစ်စေ ၊ ချိုး ကလေး ဖြစ်စေဆောင်ခဲ့၍ ဆက် ရမည်။

15ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်သို့ ဆောင် ခဲ့၍ ၊ ခေါင်း ကို လိမ် ဖြတ်ပြီးလျှင် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ အသွေး ကို ယဇ် ပလ္လင်နား မှာ ညှစ် ရမည်။

16စာလုတ် မှစ၍စာလုတ်၌ ရှိသောအရာကို ချွတ် ပြီးလျှင် ၊ ပြာ စုထားရာအရပ် ၊ ယဇ် ပလ္လင်အရှေ့ ဘက်နား ၌ ပစ် ထားရမည်။

17အတောင် ပါလျက် ငှက်ကောင်ကိုခွဲ ဖွင့်၍ ၊ ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်ပေါ် ၌ရှိသောထင်း မီး အပေါ် မှာ မီး ရှို့ရမည်။ မီး ရှို့သောယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။

← ထွက်မြောက်ရာကျမ်း 40Read In The App, Free →ဝတ်ပြုရာကျမ်း 2 →

Study ဝတ်ပြုရာကျမ်း 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627