ဝတ်ပြုရာကျမ်း 1:3
နွား ကို မီးရှို့ ရာယဇ် ပြုလိုလျှင်၊ အပြစ် မပါသော အထီး ကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ် တော်နှင့် တွေ့ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး အနားမှာ ဆက် ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 22:2သင်သည် အလွန်ချစ် သော တ ယောက်တည်း သော သား ဣဇာတ် ကိုယူ ၍ မောရိ ပြည် သို့ သွား လော့။ ငါပြ လတံ့သော တောင် ပေါ် မှာ သူ့ ကိုမီးရှို့ ရာ ယဇ်ပြု၍ ပူဇော် လော့ဟု မိန့် တော်မူ၏။
Genesis 22:13ထိုအခါ အာဗြဟံ သည် မြော် ကြည့် ၍ မိမိ နောက်မှ ချုံဖုတ် ၌ ချို ညိ လျက် ရှိသောသိုး ကိုမြင် လေ၏။ ထိုသိုး ကိုသွား ၍ ယူ ပြီးလျှင် မိမိ သား ကိုယ်စား မီးရှို့ ယဇ် ပြု၍ ပူဇော် လေ၏။
Exodus 24:5ဣသရေလ အမျိုးသား လူပျို တို့ကို စေခိုင်း သည်အတိုင်း ၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရား ရှေ့ မှာ မီးရှို့ သောယဇ်၊ မိဿဟာယ ယဇ် ကို ပူဇော် ကြ၏။
Exodus 29:18သိုး တကောင်လုံး ကို ယဇ်ပလ္လင် ပေါ် မှာ မီးရှို့ ရမည်။ ထာဝရဘုရား အား မီးရှို့ သောယဇ်ဖြစ်၏။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော် သက္ကာဖြစ်၏။
Exodus 32:6နက်ဖြန် နံနက်စောစော လူ တို့သည် ထ၍ ၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ပြီးမှ ၊ စား သောက် လျက် ထိုင် နေကြ၏။ နောက်တဖန် ကခုန် မြူးထူးခြင်းငှါ ထ ကြ၏။
Exodus 35:21မိမိ စိတ်နှလုံး နှိုးဆော် သော သူ ၊ ကြည်ညိုသောစေတနာစိတ် သဘောရှိသော သူ အပေါင်း တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်လုပ် ဘို့ ၎င်း ၊ အမှု တော်ထမ်းစရာဘို့ ၎င်း၊ သန့်ရှင်း သောအဝတ် ကို၎င်း၊ ထာဝရဘုရား အား လှူသောအလှူ ကို ဆောင် လျက် လာကြ၏။