ဝတ်ပြုရာကျမ်း 10:12
မောရှေ သည်လည်း ၊ အာရုန် နှင့် ကြွင်း သော သား ဧလာဇာ ၊ ဣသမာ တို့ကို ခေါ်၍၊ သင်တို့သည် ထာဝရဘုရား အား မီး ဖြင့်ပြုသောဘောဇဉ်ပူဇော်သက္ကာ အကြွင်း ကိုယူ ၍ တဆေး မပါဘဲ ယဇ် ပလ္လင်နား မှာ စား ကြလော့။ အလွန်သန့်ရှင်း ပေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 29:2တဆေး မပါသော ဂျုံမုန့် ၊ တဆေး မပါဘဲ ဆီ နှင့် လုပ် သော ဂျုံမုန့်ပြား ၊ တဆေး မပါဘဲ ဆီ နှင့် လူး သော ဂျုံမုန့်ကြွပ် တို့ကို၎င်းယူ ရမည်။
Leviticus 2:1ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင် ၊ မုန့်ညက် ကို ဆက် ရမည်။ မုန့်ညက် အပေါ် မှာ ဆီ ကိုလောင်း ၍ ၊ လောဗန် ကိုလည်း ထည့် ပြီးမှ၊
Leviticus 2:10ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကား ၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။
Leviticus 7:9မီးဖို ၌ ဖုတ် သော ဘောဇဉ်ပူဇော်သက္ကာ ၊ အိုး ကင်း၊ သံပြား ပူနှင့် လုပ် သော အရာရှိသမျှ ကို ပူဇော် သော ယဇ် ပုရောဟိတ်သည် ယူရမည်။
Leviticus 24:9ထိုမုန့်ကို အာရုန် နှင့် သူ ၏သား တို့သည် ပိုင်၍၊ သန့်ရှင်း ရာ ဌာန တော်၌ စား ရကြမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက ထိုမုန့်သည်၊ ထာဝရ ပညတ် တော်အတိုင်း၊ အာရုန် အဘို့ အလွန်သန့်ရှင်း သော အရာဖြစ် သည်ဟု မိန့်တော်မူ၏။
2 Chronicles 31:14အရှေ့ တံခါးမှူး ၊ လေဝိ သားဣမန သား ကောရ သည်၊ ထာဝရ အရှင်ဘုရားသခင် အား လှူဒါန်း ပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသောဥစ္စာ များကို ဝေဖန်ရသောအမှုအုပ်ဖြစ်၏။