The Bible Software
ဝတ်ပြုရာကျမ်း · မြန်မာကျမ်းစာ

ဝတ်ပြုရာကျမ်း 10

1အာရုန် ၏သား နာဒပ် နှင့် အဘိဟု တို့သည်၊ ကိုယ်စီဆိုင်သော လင်ပန်း တို့ကို ယူ လျက် မီး ကိုထည့် ၍ လောဗန် ကို တင် ပြီးလျှင် ၊ ထာဝရဘုရား မှာ ထားတော်မူသောမီးမ ဟုတ်၊ ထူးခြား သော မီး ကို ရှေ့ တော်၌ ပူဇော် ၏။

2ထိုအခါ ထာဝရဘုရား ထံ တော်မှ မီး ထွက် ၍ ၊ သူ တို့ကို လောင် သဖြင့် ရှေ့ တော်၌ သေ ကြ၏။

3ထိုအခါ မောရှေ သည် အာရုန် ကို ခေါ်၍၊ ထာဝရဘုရား က၊ ငါသည် သန့်ရှင်း ခြင်းရှိသည်ဟု ငါ့ ထံသို့ ချဉ်းကပ် သောသူတို့သည် မှတ်ရမည်။ လူ အပေါင်း တို့သည် ငါ့ဘုန်း ကို ချီးမြှင့်ရကြမည်ဟု မိန့် တော်မူရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန် သည် တိတ်ဆိတ် စွာ နေလေ၏။

4မောရှေ သည် အာရုန် ၏ ဘထွေး ဩဇေလ သား မိရှေလ နှင့် ဧလဇာဖန် ကို ခေါ် ၍ ၊ လာ ကြ။ သင် တို့ပေါက်ဘော် တို့ကို သန့်ရှင်း ရာ ဌာနတော်က ၊ တပ် ပြင် သို့ ယူ သွားကြလော့ဟု ဆို သည်အတိုင်း၊

5သူတို့သည် လာ ၍ အင်္ကျီ ဝတ်လျက်ရှိသောအသေကောင်ကို တပ် ပြင် သို့ ယူ သွားကြ၏။

6မောရှေ သည် အာရုန် နှင့် သူ ၏သား ဧလာဇာ နှင့် ဣသမာ တို့ကိုခေါ်၍၊ သင်တို့လည်းသေမည်။ လူ အပေါင်း တို့အပေါ် မှာ အမျက် တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ဦးထုပ်ကို မချွတ်နှင့်။ အဝတ် ကို မ ဆုတ် နှင့်။ သင် တို့ညီအစ်ကို ဣသရေလ အမျိုးသားရှိသမျှ တို့သည် ထာဝရဘုရား ပြု တော်မူသော မီးလောင် ခြင်းကိုသာ ငိုကြွေး မြည်တမ်းကြစေ။

7သင်တို့သေ မည်ကိုစိုးရိမ်သည်ဖြစ်၍ ၊ ပရိသတ်စည်းဝေး ရာ တံခါး ပြင်သို့ မ ထွက် နှင့်။ ထာဝရဘုရား ၏ ဘိသိက် ဆီသည် သင် တို့အပေါ် ၌ရှိသည်ဟု ဆိုသည်အတိုင်း သူတို့ပြု ကြ၏။8တဖန် အာရုန် အား ထာဝရဘုရား က

8သင် နှင့် သင် ၏သား တို့သည် သေဘေး နှင့်ကင်းလွတ်ခြင်းငှါ၎င်း ၊ သန့်ရှင်း သောအရာ၊ မသန့်ရှင်း သောအရာ၊ စင်ကြယ် သောအရာ၊ မစင်ကြယ် သောအရာတို့ကိုပိုင်းခြား တတ်ခြင်းငှါ ၎င်း၊ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာထား သမျှ သောပညတ် တို့ကို ဣသရေလ အမျိုးသား တို့၌ သွန်သင် တတ်ခြင်းငှါ ၎င်း ၊ ပရိသတ်စည်းဝေး ရာတဲ တော်သို့ ဝင် သောအခါ ၊ စပျစ်ရည် အစရှိသောယစ်မျိုး ကိုမ သောက် နှင့်။ သင် တို့အမျိုး အစဉ်အဆက်စောင့် ရသောပညတ်ဖြစ်သတည်းဟု မိန့် တော်မူ၏။

9

10

11

12မောရှေ သည်လည်း ၊ အာရုန် နှင့် ကြွင်း သော သား ဧလာဇာ ၊ ဣသမာ တို့ကို ခေါ်၍၊ သင်တို့သည် ထာဝရဘုရား အား မီး ဖြင့်ပြုသောဘောဇဉ်ပူဇော်သက္ကာ အကြွင်း ကိုယူ ၍ တဆေး မပါဘဲ ယဇ် ပလ္လင်နား မှာ စား ကြလော့။ အလွန်သန့်ရှင်း ပေ၏။

13ထိုအကြွင်းသည် ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက သင် နှင့် သင် ၏ သား တို့ ခံထိုက်သောအဘို့ ဖြစ်၍၊ သန့်ရှင်း ရာဌာန တော်၌ စား ရကြမည်။ ထိုပညတ် တော်ကို ငါခံရပြီ။

14ချီလွှဲ သောရင်ပတ် ၊ ချီမြှောက်သော ပခုံး ကိုကား၊ သင် နှင့်တကွ သင် ၏ သား သမီး တို့သည် စင်ကြယ် သောအရပ် ၌ စား ရကြမည်။ ဣသရေလ အမျိုးသား တို့သည် ပူဇော်သော မိဿဟာယ ယဇ်ထဲက ၊ သင် နှင့် သင် ၏သား တို့သည် ခံထိုက်သောအဘို့ ဖြစ်သတည်း။

15မီး ဖြင့် ပူဇော်သော ယဇ်ကောင်ဆီဥ နှင့်တကွ ၊ ချီမြှောက်ရာပခုံး ၊ ချီလွှဲ ရာရင်ပတ် ကို ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ၍ ၊ ချီလွှဲ သော ပူဇော်သက္ကာကို ပြုခြင်းငှါ ဆောင် ခဲ့ရကြ၍ ၊ ထာဝရ ပညတ် တော် အတိုင်း ၊ သင် နှင့် သင် ၏ သား တို့သည် ကိုယ်အဘို့ယူရကြမည်။ ထိုသို့ ထာဝရဘုရား မှာ ထားတော်မူပြီ ဟုဆိုလေ၏။

16တဖန် မောရှေ သည် အပြစ် ဖြေရာ ယဇ်ပြုသောဆိတ် ကို ကြိုးစား၍ ရှာ သော်လည်း မတွေ့။ မီး ရှို့နှင့်ပြီ။ ထိုကြောင့် ကြွင်း သော အာရုန် သား ဧလာဇာ ၊ ဣသမာ တို့ကို အမျက် ထွက်လျက် ဆို သည်ကား၊

17အပြစ် ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း ၏။ သင် တို့သည် ပရိသတ် တို့ အပြစ် ကိုခံ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုစေခြင်းငှါ ထိုယဇ်သားကိုပေး တော်မူသည်ဖြစ်၍၊ သန့်ရှင်း ရာ ဌာန တော်၌ အဘယ်ကြောင့် မ စား သနည်း။

18ထိုယဇ်သား အသွေး ကိုလည်း သန့်ရှင်း ရာဌာနထဲ သို့ မ သွင်း ပါတကား။ အကယ်၍ငါမှာ ထားခဲ့သည် အတိုင်း ၊ ထိုယဇ်သားကို သန့်ရှင်း ရာဌာနတော်၌ စား ရမည်ဟုဆိုလျှင်၊

19အာရုန် က၊ ယနေ့ သူတို့သည် လူများတို့ အပြစ် ဖြေရာယဇ်၊ မီး ရှို့ရာယဇ်ကို ပူဇော် ပါပြီ။ အကျွန်ုပ် ၌ ထိုသို့ သော အမှုရောက် သည်တွင်၊ ယနေ့ အပြစ် ဖြေရာ ယဇ်သားကို စား မိလျှင် ၊ ထာဝရဘုရား နှစ်သက် တော်မူပါမည်လောဟု မောရှေ ကို ပြောဆို ၏။

20မောရှေ သည် ထိုစကားကို ကြား လျှင် ဝန်ခံ လေ၏။

← ဝတ်ပြုရာကျမ်း 9Read In The App, Free →ဝတ်ပြုရာကျမ်း 11 →

Study ဝတ်ပြုရာကျမ်း 10

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627