ဝတ်ပြုရာကျမ်း 14:10
အဋ္ဌမ နေ့ ၌ လည်း ၊ အပြစ် မရှိ၊ အခါ မလည်သော သိုးသငယ် အထီးနှစ် ကောင်၊ အမ တကောင် ကို၎င်း ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့၊ ဆီ ရော သော မုန့်ညက် သုံး ဩမဲနှင့် ဆီ တ လောဃ ကို၎င်း ယူ ပြီးလျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 29:40သိုးသငယ်တကောင်ကို ပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း ၍၊ ရသောသံလွင်ဆီ သုံးလောဃ နှင့် ရော သော မုန့်ညက် တဩမဲကို၎င်း၊ သွန်းလောင်း ရာ ပူဇော်သက္ကာဘို့ စပျစ်ရည် သုံးလောဃ ကို ၎င်း၊ သိုးသငယ် နှင့် အတူ ပူဇော်ရမည်။
Leviticus 1:10သိုး ၊ ဆိတ် ကို မီး ရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ် မပါသော အထီး ကို ဆောင် ခဲ့၍၊
Leviticus 2:11ထာဝရဘုရား အား ဆက် သော ဘောဇဉ်ပူဇော်သက္ကာ ၌ တဆေး မ ပါ ရ။ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြုသောအခါ၊ တဆေးကို မီး မ ရှို့ရ။ ပျားရည် ကိုလည်း မရှို့ရ။
Leviticus 4:32သိုးသငယ် ကို အပြစ် ဖြေရာယဇ် ပြုလိုလျှင် ၊ အပြစ် မပါသော အမ ကို ဆောင် ခဲ့ရမည်။
Leviticus 14:12သိုးသငယ် အထီးတကောင် ကို ယူ ပြီးလျှင် ဒုစရိုက် ဖြေရာယဇ်ဘို့ ပူဇော် ၍ ၊ ထာဝရဘုရား ရှေ့ တော် ၌ ချီလွှဲ သော ပူဇော်သက္ကာဘို့ ဆီ တလောဃ နှင့်တကွ ချီလွှဲ ရမည်။
Leviticus 14:21ထိုသူ သည် ဆင်းရဲ ၍ ဤမျှလောက်မ တတ် နိုင်လျှင် ၊ ချီလွှဲ ၍ မိမိ အပြစ် ဖြေခြင်းကို ပြုစရာဘို့ ၊ ဒုစရိုက် ဖြေရာယဇ် သိုးငယ် တကောင် ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ဆီ ရော သော မုန့်ညက် တဩမဲနှင့် ဆီ တလောဃ ကို၎င်း၊