ဝတ်ပြုရာကျမ်း 2:11
ထာဝရဘုရား အား ဆက် သော ဘောဇဉ်ပူဇော်သက္ကာ ၌ တဆေး မ ပါ ရ။ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြုသောအခါ၊ တဆေးကို မီး မ ရှို့ရ။ ပျားရည် ကိုလည်း မရှို့ရ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 12:19ခုနစ် ရက် ပတ်လုံးသင် တို့အိမ် များ၌ တဆေး မ ရှိ ရ။ တဆေး ပါသောမုန့်ကို စား သောသူ မည်သည်ကား၊ တကျွန်းတနိုင်ငံ သားဖြစ်စေ ၊ ပြည် သား ဖြစ်စေ၊ ဣသရေလ အမျိုး ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရမည်။
Exodus 34:25ငါ့ ယဇ်ကောင် အသွေး ကို တဆေး နှင့် ရော၍ မ ပူဇော် ရ။ ပသခါ ပွဲ ယဇ်ကောင် ကို၊ နံနက် တိုင်အောင် မ ကြွင်း စေရ။
Leviticus 6:16ကြွင်း သောအရာတို့ကို၊ အာရုန် နှင့် သူ ၏သား တို့သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်ဝင်း အတွင်း တွင် ၊ သန့်ရှင်း ရာဌာန ၌ တဆေး မပါဘဲ စား ရမည်။
Proverbs 25:16ပျားရည် ကိုတွေ့ သလော။ ဝ ရုံသာစား တော့။ အစား ကြူးလျှင် ရင်ပြည့်၍ အန် ရလိမ့်မည်။
Matthew 16:6ယေရှု ကလည်း ၊ ဖာရိရှဲ နှင့် ဇဒ္ဒုကဲ တို့၏ တဆေး ကိုသတိ နှင့် ကြဉ်ရှောင် ကြ ဟု မိန့် တော်မူ၏။
Mark 8:15ကိုယ်တော်ကလည်း ၊ ဖာရိရှဲ တို့၏တဆေး ကို၎င်း ၊ ဟေရုဒ် ၏တဆေး ကို၎င်း၊ သတိ နှင့်ကြဉ်ရှောင် ကြ ဟု ပညတ် တော်မူ၏။