ဝတ်ပြုရာကျမ်း 14:13
ထိုသိုးသငယ် ကို အပြစ် ဖြေရာ ယဇ်ကောင်၊ မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၊ သန့်ရှင်း ရာဌာန ၌ သတ် ရမည်။ အကြောင်း မူကား၊ အပြစ် ဖြေရာ ယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ် ယူပိုင်သကဲ့သို့ ဒုစရိုက် ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်း ပေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 1:5ထာဝရဘုရား ရှေ့ တော်၌ ထိုနွား ကိုသတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည် အသွေး ကိုယူ ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး အနားယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
Leviticus 2:3ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကား ၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။
Leviticus 4:4ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နား ၊ ထာဝရဘုရား ရှေ့ တော် သို့ ဆောင် ခဲ့၍ ၊ ထာဝရဘုရား အား ဆက် ရမည်။ ထိုအခါ နွား ၏ခေါင်း ပေါ်မှာ မိမိ လက် ကို တင် ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ နွား ကို သတ် ရမည်။
Leviticus 6:24တဖန် မောရှေ အား ထာဝရဘုရား မိန့် တော်မူသည်မှာ၊
Leviticus 7:6အသားကို ယဇ် ပုရောဟိတ်ယောက်ျား အပေါင်း တို့သည်၊ သန့်ရှင်း ရာဌာန ၌ စား ရကြမည်။ အလွန်သန့်ရှင်း ပေ၏။
Leviticus 21:22သန့်ရှင်း သော မုန့်ဖြစ်စေ ၊ အလွန်သန့်ရှင်း သော မုန့်ဖြစ်စေ၊ မိမိ ဘုရား သခင်၏ မုန့် တော်ကို စား ရမည်။