ဝတ်ပြုရာကျမ်း 2:3
ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကား ၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 29:37ခုနစ် ရက် ပတ်လုံးယဇ်ပလ္လင် ဘို့ အပြစ် ဖြေခြင်းကို ပြု၍ သန့်ရှင်း စေပြီးမှ ၊ အလွန်သန့်ရှင်း သော ယဇ်ပလ္လင် ဖြစ် ၍၊ ထိုပလ္လင် နှင့် တွေ့ သမျှ သောအရာတို့သည် သန့်ရှင်း သောအရာ ဖြစ်ရမည်။
Leviticus 5:13ထိုသို့ ယဇ် ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှား မိသော အပြစ် တစုံ တခုအတွက် အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွှတ် လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ်ပူဇော်သက္ကာ ကဲ့သို့ ၊ ယဇ်ပုရောဟိတ် အဘို့ ဖြစ် သည်ဟု မောရှေအား မိန့်တော်မူ၏။
Leviticus 6:16ကြွင်း သောအရာတို့ကို၊ အာရုန် နှင့် သူ ၏သား တို့သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်ဝင်း အတွင်း တွင် ၊ သန့်ရှင်း ရာဌာန ၌ တဆေး မပါဘဲ စား ရမည်။
Leviticus 7:7အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်၏ တရား တပါး တည်းဖြစ်၍၊ ဒုစရိုက် အပြစ် ဖြေခြင်းကို ပြုသော ယဇ် ပုရောဟိတ်သည် ယူရမည်။
Leviticus 10:12မောရှေ သည်လည်း ၊ အာရုန် နှင့် ကြွင်း သော သား ဧလာဇာ ၊ ဣသမာ တို့ကို ခေါ်၍၊ သင်တို့သည် ထာဝရဘုရား အား မီး ဖြင့်ပြုသောဘောဇဉ်ပူဇော်သက္ကာ အကြွင်း ကိုယူ ၍ တဆေး မပါဘဲ ယဇ် ပလ္လင်နား မှာ စား ကြလော့။ အလွန်သန့်ရှင်း ပေ၏။
Leviticus 14:13ထိုသိုးသငယ် ကို အပြစ် ဖြေရာ ယဇ်ကောင်၊ မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၊ သန့်ရှင်း ရာဌာန ၌ သတ် ရမည်။ အကြောင်း မူကား၊ အပြစ် ဖြေရာ ယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ် ယူပိုင်သကဲ့သို့ ဒုစရိုက် ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်း ပေ၏။