ဝတ်ပြုရာကျမ်း 19:10
ကိုယ် စပျစ်သီး ကိုလည်း အကုန်အစင်မ သိမ်း ရ။ ကျန်ကြွင်းသော အသီးကို ပြန်၍ မ ဆွတ် ရ။ ထိုအသီးကို ဆင်းရဲ သောသူ ဧည့်သည် အာဂန္တုအဘို့ ချန်ခြွင်းရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
11သူ့ဥစ္စာကို မ ခိုး ရ။ သူတပါး ကို မ လှည့်စား ရ။ တယောက်ကိုတယောက်မုသာ စကားမ ပြောရ။
Cross References
Leviticus 19:25ပဉ္စမ နှစ် တွင် သီးသောအသီး ကို စား ရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍ သီးကြလိမ့်မည်။ ငါ သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Leviticus 25:6ပြည် ဥပုသ် တည်းဟူသောအလိုလို ဖြစ်ပွားသော အရာရှိသမျှသည်၊ သင်ကိုယ်မှစ၍သင် ၏ ကျွန် ၊ ကျွန် မ၊ သူငှါး ၊ ဧည့်သည် စားစရာ၊
Judges 8:2ဂိဒေါင်ကလည်း၊ သင် တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြု ပြီးသနည်း။ အဗျေဇာ စပျစ်သီး သိမ်းခြင်းထက် ဧဖရိမ် လိုက်ကောက် ခြင်းသည် သာ၍ကောင်း သည်မဟုတ် လော။
Isaiah 24:13ထိုသို့ပြည် တော်အလယ် ၊ ပြည်သား တို့တွင် ဖြစ်ရသော်လည်းသံလွင် ပင်ကို လှုပ် ၍ အသီးကို ရသကဲ့သို့ ၎င်း၊ စပျစ်သီးကို သိမ်းယူ သောနောက်၊ အကြွင်းအကျန်ကို ကောက် ရသကဲ့သို့ ၎င်း ဖြစ် လိမ့်မည်။
Obadiah 1:5ညဉ့် အခါ သူခိုး ထားပြ တို့သည် သင် ရှိရာသို့ လာ လျှင် ၊ စိတ်ပြေလောက်အောင်သာ ခိုး ယူကြလိမ့်မည်မ ဟုတ်လော။ စပျစ်သီး ကို ဆွတ်သောသူတို့သည် လာ လျှင် ၊ သူတပါး လိုက်၍ ဆွတ် စရာဘို့ ကြွင်း စေကြလိမ့်မည်မ ဟုတ်လော။