ဝတ်ပြုရာကျမ်း 19:23
သင်တို့သည် ငါပေးသောပြည် သို့ ရောက် ၍ ၊ စားအပ်သော အပင် အမျိုးမျိုး ကို စိုက် ပြီးမှ ၊ သုံး နှစ် ပတ်လုံး သီးသော အသီး ကို၊ အရေဖျား လှီးခြင်းကို မခံသော အသီးဟူ၍မှတ်ရမည်။ ထိုအသီးကို မ စား ရ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 6:12မောရှေ ကလည်း ၊ ဣသရေလ အမျိုးသားတို့သည် အကျွန်ုပ် ပြောသောစကားကို နား မ ထောင်ဘဲ နေသည်ဖြစ်၍ ၊ အရေဖျား လှီးခြင်းကို မခံသောနှုတ် နှင့် ပြောတတ်သော အကျွန်ုပ် ၏စကားကို ဖါရော မင်းသည် အဘယ်သို့ နားထောင် ပါမည်နည်းဟု ထာဝရဘုရား ရှေ့မှာ လျှောက်ဆို ၏။
Exodus 22:29အဦးမှည့် သောအသီး၊ အဦးညှစ် သောအရည်ကို မ ထိမ် မဝှက်ဘဲ ဆက်ကပ်ရမည်။ အဦး ဘွားသော သား ယောက်ျားကိုလည်း ငါ့ အား ဆက်ကပ် ရမည်။
Leviticus 14:34သင် တို့ပိုင် ထိုက်ရာ၊ ငါ ပေး သော ခါနာန် ပြည် သို့ သင်တို့ရောက် သောအခါ ၊ သင် တို့နေရာ ထိုပြည် တွင် အိမ် တစုံတခု၌ နူနာ ကို ငါစွဲစေလျှင် ၎င်း
Leviticus 23:14သင် တို့၏ ဘုရား သခင်ထံတော်သို့ ပူဇော် သက္ကာကို ဆောင် ခဲ့သောနေ့မ ရောက်မှီ၌၊ မုန့် ၊ ဆန် လှော်၊ စိမ်း သောအသီးအနှံကို မ စား ရ။ သင် တို့နေရာ အရပ်ရပ် ၌ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသော ပညတ် တော်ဖြစ်သတည်း။
Jeremiah 9:25ထာဝရဘုရား မိန့် တော်မူသည်ကား၊ အရေဖျား လှီး ခြင်းကိုခံ သောသူ၊ အရေဖျားလှီးခြင်းကို မခံသောသူ၊