The Bible Software
bible.software › ဝတ်ပြုရာကျမ်း › ဝတ်ပြုရာကျမ်း 2 › ဝတ်ပြုရာကျမ်း 2:9

ဝတ်ပြုရာကျမ်း 2:9

ထိုဘောဇဉ်ပူဇော်သက္ကာ ထဲက အတွက်အတာကို နှိုက်ယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။

မြန်မာကျမ်းစာ

In The King James Version

And the priest shall take from the meat offering a memorial thereof, and shall burn it upon the altar: it is an offering made by fire, of a sweet savour unto the LORD.

In Context

8ထို ဘောဇဉ်ပူဇော်သက္ကာ အမျိုးမျိုးတို့ကို၊ ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့၍ ၊ ယဇ်ပုရောဟိတ် အား ဆက် ပြီးမှ ၊ သူသည် ယဇ် ပလ္လင်သို့ ဆောင် ခဲ့ရမည်။

10ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကား ၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။

Read all of ဝတ်ပြုရာကျမ်း 2

Cross References

Leviticus 1:9ခြေထောက် နှင့် အအူ အစရှိသည်တို့ကို ရေ နှင့် အရင်ဆေး ရမည်။ ယဇ် ပုရောဟိတ်သည်၊ ထိုယဇ် တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။

Leviticus 6:15ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက် တလက်ဆွန်း၊ ဆီ အချို့၊ လောဗန် ရှိသမျှ တည်းဟူသော ပူဇော် သက္ကာ အတွက်အတာကိုယူ ၍ ထာဝရဘုရား အား မွှေးကြိုင် စရာဘို့ ယဇ် ပလ္လင်ပေါ်မှာ မီး ရှို့ရမည်။

Psalms 22:13ကိုက် ဖြတ်၍ ဟောက် တတ်သော ခြင်္သေ့ ကဲ့သို့အကျွန်ုပ် ကို ပစပ် ဟ ကြပါ၏။

Zechariah 13:7ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုထား ၊ ငါ ၏သိုးထိန်း တဘက် ၊ ငါ ၏ အပေါင်း အဘော်ဖြစ်သောသူ တဘက် ၌ နိုး လော့။ သိုးထိန်း ကို ရိုက် သတ်လော့။ သို့ပြုလျှင်၊ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်။ သိုးသငယ် တို့အပေါ် ၌လည်း ငါသည် ငါ့ လက် ကို တင် ဦးမည်။

Romans 12:1ညီအစ်ကို တို့၊ အသက် ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်း ခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက် တော်မူဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ် ကို သင် တို့သည် ပူဇော် ၍၊ မိမိကိုယ်ခန္ဓါ ကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသောသင် တို့ပြုအပ်သော ဝတ် ကို ပြုမည်အကြောင်း၊ ဘုရားသခင် ၏ ကရုဏာ တော်ကို ထောက်ထား ၍၊ သင် တို့ကို ငါ တိုက်တွန်းနှိုးဆော်ပေ၏။

Ephesians 5:2ခရစ်တော် သည် ငါ တို့ကို ချစ် တော်မူသောအားဖြင့်ဘုရားသခင့် ရှေ့တော်၌ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှာ ၊ ကိုယ်ကိုကိုယ် ဆက်ကပ် ၍ ယဇ် ပူဇော်လျက် ၊ ငါ တို့အတွက် စွန့် တော်မူသည်နည်းတူ ၊ သင်တို့သည် မေတ္တာ တရား၌ ကျင်လည် ကြလော့။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဝတ်ပြုရာကျမ်း 2:9

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဝတ်ပြုရာကျမ်း 2:8ဝတ်ပြုရာကျမ်း 2ဝတ်ပြုရာကျမ်း 2:10 →