ရောမဩဝါဒစာ 12:1
ညီအစ်ကို တို့၊ အသက် ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်း ခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက် တော်မူဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ် ကို သင် တို့သည် ပူဇော် ၍၊ မိမိကိုယ်ခန္ဓါ ကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသောသင် တို့ပြုအပ်သော ဝတ် ကို ပြုမည်အကြောင်း၊ ဘုရားသခင် ၏ ကရုဏာ တော်ကို ထောက်ထား ၍၊ သင် တို့ကို ငါ တိုက်တွန်းနှိုးဆော်ပေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 19:14အကျွန်ုပ် ပြော သောစကား နှင့် စိတ် နှလုံး၏ အကြံ အစည်သည် ရှေ့ တော်၌ နှစ်သက် ဖွယ် ဖြစ် ပါစေသော။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ကျောက် ၊ အကျွန်ုပ် ကို ရွေးနှုတ် တော်မူသောဘုရား။
Psalms 69:30ငါသည် ဘုရား သခင်၏ နာမတော် ကို ထောမနာ သီချင်းဆို မည်။ ကျေးဇူး တော်ကို ပြ၍ ဘုရား သခင်ကို ချီးမွမ်း မည်။
Isaiah 56:7ငါ ၏သန့်ရှင်း သော တောင် သို့ ငါဆောင် ခဲ့၍ ၊ ငါ ၏ပဌနာ အိမ် ၌ ဝမ်းမြောက် စေမည်။ သူ တို့ မီးရှို့ ရာ ယဇ်နှင့် ယဇ် အမျိုးမျိုးတို့ကို ငါ့ ယဇ်ပလ္လင် ပေါ် မှာ လက်ခံ မည်။ ငါ့ အိမ် ကို လူ အမျိုးမျိုး ဆုတောင်း ရာ အိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့။
Hosea 14:2ပဌနာစကား ကို ပြင်ဆင် ၍ ထာဝရဘုရား ထံ တော်သို့ ပြန် လျက် ၊ အကျွန်ုပ်တို့၌ ရှိသမျှ သောအပြစ် တို့ ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူး ပြု၍ လက်ခံ တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ် နှုတ်ခမ်း တည်းဟူသော နွား သငယ် တို့ကို ပူဇော် ပါမည်။
Romans 2:4ဘုရားသခင် ၏ ကျေးဇူးတော်သည် သင့် ကို နောင်တ လမ်းသို့ သွေးဆောင် သည်ကို မ သိမမှတ်ဘဲ၊ ကြွယ်ဝ စွာကျေးဇူး ပြုတော်မူခြင်း၊ သည်းခံ တော်မူခြင်း၊ စိတ်ရှည် တော်မူခြင်းတို့ကို မထီမဲ့မြင် ပြုသလော။
Romans 6:16အကြင်သူ၏အထံ၌ အစေခံ ကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင် ၍ အစေခံ၏၊ ထိုသူသည်သေ ခြင်းနှင့် ယှဉ်သော အပြစ် တရားဖြစ်စေ၊ ဖြောင့်မတ် ရာသို့ ရောက်ခြင်းနှင့် ယှဉ်သော နားထောင် ခြင်းတရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မ သိ ကြသလော။