ဝတ်ပြုရာကျမ်း 20:9
မိဘ ကို ကျိန်ဆဲ သော သူ တိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ မိဘ ကို ကျိန်ဆဲ သောကြောင့်သေထိုက်သော အပြစ်ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
8ငါ့ နည်း နိဿယတို့ကို ကျင့်ဆောင် ရကြမည်။ ငါ သည် သင် တို့ကို သန့်ရှင်း စေသော ထာဝရဘုရား ဖြစ်၏။
10သူ့ မယား ကို ပြစ်မှား သောသူသည်၊ မှားယွင်း သော မိန်းမနှင့်တကွ အသေ သတ်ခြင်းကို အမှန်ခံရမည်။
Cross References
Leviticus 20:11ကိုယ် အဘ ၏ မယား နှင့် သင့် နေသော သူ သည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွအသေ သတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ် ရှိ၏။
Leviticus 20:27ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ နတ်ဝင် သောသူ၊ စုန်း လုပ်သောသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲ နှင့် ပစ် ရကြမည်။ သူ ၌ သေထိုက်သော အပြစ် ရှိသည်ဟု မိန့် တော်မူ၏။
Joshua 2:19ထိုအခါ သင့် အိမ် ထဲက လမ်း သို့ ထွက်သွား သော သူ မည်သည်ကား၊ သေလျှင်သေ ပြစ်ကို ကိုယ်တိုင် ခံ စေ၊ ငါ တို့သည် အပြစ် လွတ်စေ။ သင့် အိမ် ၌ ရှိ သောသူ မည်သည်ကို အသေ သတ်လျှင် သေ ပြစ်ကို ငါ တို့သည် ခံ စေ။
2 Samuel 1:16ဒါဝိဒ် ကလည်း ၊ သင် ၏အသွေး သည် သင့် ခေါင်း ပေါ် မှာတည်စေ။ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသူကို ကျွန်တော် သတ် ပါပြီဟု သင့် နှုတ် သည် သင့် တဘက် ၌ သက်သေခံ လေပြီဟုဆို ၏။
Proverbs 20:20အကြင်သူသည် မိဘ ကို ကျိန်ဆဲ ၏။ ထိုသူ ၏ မီးခွက် သည် ထူထပ် သော မှောင်မိုက် ၌ သေ လိမ့်မည်။
Proverbs 30:17အဘ ကို ကျီစား သောသူ၊ အမိ စကားကိုနား မထောင်၊ မထီမဲ့မြင် ပြုသောသူ၏ မျက်စိ ကို ချိုင့် ၌ကျင်လည်သောကျီးအ တို့သည် နှိုက် ကြလိမ့်မည်။ ရွှေလင်းတ သငယ် တို့သည်လည်း စား ကြလိမ့်မည်။