ဝတ်ပြုရာကျမ်း 22:18
ဣသရေလ အမျိုးသားဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်းနေသောတပါး အမျိုးသားဖြစ်စေ၊ သစ္စာ ဂတိ ရှိ၍ ပြုသောပူဇော် သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာတည်းဟူသောမီး ရှို့ရာယဇ်ကို ထာဝရဘုရား အား ပူဇော် လိုလျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
19စိတ် တော်နှင့်တွေ့ခြင်းငှါ ၊ အပြစ် မပါသောသိုး ၊ ဆိတ် ၊ နွား အထီး ကို ပူဇော် ရမည်။
Cross References
Leviticus 1:2သင်သည် ဣသရေလ အမျိုးသား တို့ကို ဆင့်ဆို ရမည်မှာ၊ သင် တို့တွင် တစုံ တယောက်သောသူသည် ထာဝရဘုရား အား ပူဇော် သက္ကာကို ပြုလိုလျှင် ၊ ယဉ်သောတိရစ္ဆာန် တည်းဟူသောနွား ၊ သိုး ၊ ဆိတ်ကို ဆောင် ခဲ့၍ ဆက်ရမည်။
Leviticus 7:16သို့မဟုတ် သစ္စာ ပြု၍ ယဇ် ပူဇော် သည်ဖြစ်စေ ၊ ကိုယ် အလိုအလျောက်ပူဇော်သည်ဖြစ်စေ၊ ပူဇော် သောနေ့ ခြင်းတွင် ၊ ယဇ် အသားကို စား ၍ အကြွင်း ကိုလည်း နက်ဖြန် နေ့စား ရမည်။
Leviticus 17:13ထိုကြောင့် သင် တို့၌ အဘယ်သူ မျှအသွေး ကို မ စား ရ။ သင် တို့တွင် တည်း နေသောတပါး အမျိုးသား လည်း အသွေး ကို မ စား ရဟု ဣသရေလ အမျိုးသား တို့အား ငါ့အမိန့် တော်ရှိ၏။
Numbers 15:3သစ္စာ ဂတိရှိ၍ ပူဇော် သော်၎င်း ၊ အလိုလို ပူဇော်သော်၎င်း ၊ ပွဲ သဘင်ခံ၍ ပူဇော်သော်၎င်း ၊ မီးရှို့ ရာယဇ် အစရှိသော အခြားသောယဇ်ကို မီး ဖြင့်ပူဇော်၍၊ သိုး နွား အားဖြင့်ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ကို ပြု ခြင်းငှါ အလိုရှိလျှင်၊
Deuteronomy 12:6ထို အရပ်သို့ သင် တို့သည် မီးရှို့ ရာယဇ်အစ ရှိ သော ယဇ် များ၊ ဆယ် ဘို့တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာပူဇော် သက္ကာ၊ သစ္စာ ဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာမှစ၍ ၊ သိုး နွား တွင် အဦး ဘွားသော သားငယ်တို့ကို ဆောင် ခဲ့ရကြမည်။
Deuteronomy 16:10သင် ၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကိုယ်တိုင်မှစ၍သင် ၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသည်အတိုင်း ၊ အလိုလို ပြုသော ပူဇော်သက္ကာကို ဆောင် ခဲ့ရမည်။