တောလည်ရာကျမ်း 15:3
သစ္စာ ဂတိရှိ၍ ပူဇော် သော်၎င်း ၊ အလိုလို ပူဇော်သော်၎င်း ၊ ပွဲ သဘင်ခံ၍ ပူဇော်သော်၎င်း ၊ မီးရှို့ ရာယဇ် အစရှိသော အခြားသောယဇ်ကို မီး ဖြင့်ပူဇော်၍၊ သိုး နွား အားဖြင့်ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ကို ပြု ခြင်းငှါ အလိုရှိလျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 29:18သိုး တကောင်လုံး ကို ယဇ်ပလ္လင် ပေါ် မှာ မီးရှို့ ရမည်။ ထာဝရဘုရား အား မီးရှို့ သောယဇ်ဖြစ်၏။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော် သက္ကာဖြစ်၏။
Exodus 29:41အခြား သော သိုးသငယ် ကို ညဦး ယံ၌ ပူဇော် သောအခါ၊ နံနက်ယံ ၌ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက်၊ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော် သက္ကာပြုရမည်။
Leviticus 1:2သင်သည် ဣသရေလ အမျိုးသား တို့ကို ဆင့်ဆို ရမည်မှာ၊ သင် တို့တွင် တစုံ တယောက်သောသူသည် ထာဝရဘုရား အား ပူဇော် သက္ကာကို ပြုလိုလျှင် ၊ ယဉ်သောတိရစ္ဆာန် တည်းဟူသောနွား ၊ သိုး ၊ ဆိတ်ကို ဆောင် ခဲ့၍ ဆက်ရမည်။
Leviticus 1:13ခြေထောက် နှင့် အအူ အစရှိသည်တို့ကို ရေ နှင့် အရင် ဆေး ရမည်။ ယဇ် ပုရောဟိတ်သည် တကောင်လုံး ကို ဆောင် ခဲ့၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ မီး ရှို့သော ယဇ်ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့်ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။
Leviticus 7:16သို့မဟုတ် သစ္စာ ပြု၍ ယဇ် ပူဇော် သည်ဖြစ်စေ ၊ ကိုယ် အလိုအလျောက်ပူဇော်သည်ဖြစ်စေ၊ ပူဇော် သောနေ့ ခြင်းတွင် ၊ ယဇ် အသားကို စား ၍ အကြွင်း ကိုလည်း နက်ဖြန် နေ့စား ရမည်။
Leviticus 22:18ဣသရေလ အမျိုးသားဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်းနေသောတပါး အမျိုးသားဖြစ်စေ၊ သစ္စာ ဂတိ ရှိ၍ ပြုသောပူဇော် သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာတည်းဟူသောမီး ရှို့ရာယဇ်ကို ထာဝရဘုရား အား ပူဇော် လိုလျှင်၊