ဝတ်ပြုရာကျမ်း 26:41
ငါ သည် သူ တို့ကို ဆန့်ကျင် ဘက်ပြု၍ ရန်သူ ပြည် သို့ ပို့ဆောင် သော အကြောင်းများနှင့်တကွ၊ ကိုယ် အပြစ် ၊ ဘိုးဘ တို့ အပြစ် များကို ဘော်ပြ တောင်းပန်လျှင်၎င်း၊ အရေဖျား လှီးခြင်းကို မခံသော မိမိ တို့ နှလုံး ကို နှိမ့်ချ ၍ ၊ မိမိ တို့အပြစ် ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
40သို့ရာတွင် သူတို့သည် ငါ့ ကို ပြစ်မှား ၍ ၊ ငါ့ ကို ဆန့်ကျင် ဘက်ပြုသောကြောင့်၊
Cross References
Exodus 10:3မောရှေ နှင့် အာရုန် တို့သည်၊ ဖာရော ဘုရင်ထံ သို့ဝင် ပြီးလျှင် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား က၊ သင်သည် ငါ့ ရှေ့မှာ ကိုယ်ကိုကိုယ်မ နှိမ့်ချ ဘဲ အဘယ်မျှ ကာလ ပတ်လုံးနေလိမ့်မည်နည်း။ ငါ ၏လူ တို့ သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့် ကိုပေး လော့။
1 Kings 21:29အာဟပ် သည် ငါ့ ရှေ့ မှာနှိမ့်ချ သည်ကို မြင် ပြီ လော။ ထိုသို့ငါ့ ရှေ့ မှာနှိမ့်ချ သောကြောင့် ၊ သူ့ လက်ထက် ၌ ထိုဘေးဥပဒ် ကို ငါမ ရောက် စေ။ သူ့ သား လက်ထက် ၌ သူ့ အမျိုး အပေါ် သို့ရောက် စေမည်ဟု မိန့် တော်မူ၏။
2 Chronicles 12:12ထိုသို့ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချ သောအခါ ၊ ထာဝရဘုရား သည် သူ့ ကို ရှင်းရှင်း မ ဖျက်ဆီး မည် အကြောင်း ၊ အမျက် တော်ကို လွှဲ တော်မူ၏။ ယုဒ ပြည်၌ လည်း ၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊
2 Chronicles 33:12ထိုသို့မနာရှေ သည် ဆင်းရဲ ဒုက္ခကို ခံရသောအခါ၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို တောင်းပန် ၍ ၊ ဘိုးဘေး တို့၏ ဘုရားသခင့် ရှေ့ မှာ ကိုယ်ကိုအလွန် နှိမ့်ချ လျက်၊
2 Chronicles 33:23ခမည်းတော် သည် ထာဝရဘုရား ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ သကဲ့သို့ မ နှိမ့်ချ ဘဲအထူးသဖြင့် ပြစ်မှား ၏။
Ezra 9:15အို ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် ဖြောင့်မတ် တော်မူ၏။ အကျွန်ုပ် တို့သည် ယနေ့ အသက် လွတ်၍ ကျန် ကြွင်းသေးသောသူဖြစ် ပါ၏။ ကိုယ် အပြစ် များကို ရှေ့ တော်၌ တောင်းပန်ပါ၏။ ထို အပြစ်ကြောင့် ၊ ရှေ့ တော်၌ နေရာ မရနိုင်ပါဟု တောင်းလျှောက်လေ၏။