ဝတ်ပြုရာကျမ်း 26:42
ငါသည် ယာကုပ် နှင့်ပြုသောပဋိညာဉ် ၊ ဣဇာက် နှင့်ပြုသောပဋိညာဉ် ၊ အာဗြဟံ နှင့်ပြုသောပဋိညာဉ် ကို၎င်း၊ ထိုပြည် ကို၎င်းငါအောက်မေ့ မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 9:16မိုဃ်းတိမ် ၌ သက်တံ့ ရှိ သည်ကို ငါကြည့်ရှု သဖြင့် ၊ ဘုရား သခင်နှင့် မြေကြီး ပေါ် မှာ အသက် ရှင်သော သတ္တဝါ တိရစ္ဆာန်အပေါင်း တို့ စပ်ကြား မှာရှိသော ထာဝရ ပဋိညာဉ် ကို ငါအောက်မေ့ မည်။
Genesis 22:15တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကောင်းကင် ပေါ်က အာဗြဟံ ကို ခေါ် လျက်၊
Genesis 26:24ထို နေ့ည မှာ ထာဝရဘုရား သည် ထင်ရှား ၍ ၊ ငါ သည် သင် ၏အဘ အာဗြဟံ ၏ ဘုရား ဖြစ်၏။ မ စိုးရိမ် နှင့်။ ငါ သည်သင့် ဘက် မှာရှိ၏။ ငါသည်ကောင်းကြီး ပေး မည်။ ငါ ၏ကျွန် အာဗြဟံ အတွက် ၊ သင် ၏အမျိုးအနွယ် ကို ငါများပြား စေမည်ဟု မိန့် တော်မူ၏။
Exodus 2:24သူ တို့ ညည်းတွား မြည်တမ်းခြင်း အသံကို ဘုရား သခင်ကြား တော်မူလျှင် ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် နှင့် ပြုခဲ့ဘူးသောပဋိညာဉ် ကို အောက်မေ့ တော်မူ၏။
Deuteronomy 4:31သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သနား တတ်သောဘုရား ဖြစ်တော်မူသောကြောင့် သင် တို့ကို စွန့်ပစ် ဖျက်ဆီး တော်မ မူ။ သင် တို့ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပဋိညာဉ် တရားကို မေ့လျော့ တော်မ မူ။
Psalms 85:1အို ထာဝရဘုရား ၊ ကိုယ်တော် သည် ပြည် တော် ကို စိတ် နှင့် တွေ့တော်မူ၍၊ ဘမ်းဆီးသိမ်းသွားခြင်းကို ခံရသောယာကုပ် အမျိုးသားတို့ကို ပြန် ပို့စေတော်မူပြီ။