ဝတ်ပြုရာကျမ်း 3:16
ယဇ် ပုရောဟိတ်သည် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ မွှေးကြိုင် ရာဘို့ မီး ဖြင့် ပြုသောပူဇော်သက္ကာ အစာ အာဟာရ ဖြစ်သတည်း။ ဆီဥ ရှိသမျှ ကို ထာဝရဘုရား ဆိုင်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 29:13အအူ ကို ဖုံး သောဆီဥ ရှိသမျှ ၊ အသည်း ပေါ် ၌ ရှိသောအမြှေး ၊ ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ကိုယူ ၍ ယဇ်ပလ္လင် ပေါ် မှာ မီးရှို့ ရမည်။
Leviticus 3:3အအူ ကိုဖုံး သောဆီဥ ၊ အအူ နှင့်ဆိုင်သမျှ သောဆီဥ ၊ ခါး အတွင်းနား ၌ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ်၌ ရှိသောအမြှေး တို့ကို၊ မိဿဟာယ ယဇ်ကောင် ထဲက ယူ ၍ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာဘို့ဆက်ပြီးမှ၊
Leviticus 3:14အအူ ကို ဖုံး သော ဆီဥ ၊ အအူ နှင့်ဆိုင်သမျှ သောဆီဥ၊
Leviticus 4:26မိဿဟာယ ယဇ်ကောင်ဆီဥ ကို ပြုသကဲ့သို့ ဆီဥ ရှိသမျှ ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် မင်း ၏ အပြစ် အတွက် အပြစ် ဖြေခြင်းကိုပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
Leviticus 7:23သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် သိုး ၊ ဆိတ် ၊ နွား ဆီဥ ကို အလျှင်း မ စား ရ။
Leviticus 9:24ထာဝရဘုရား ထံ တော်မှ မီး ထွက် ၍ ယဇ် ပလ္လင်ပေါ် မှာရှိသော မီး ရှို့ရာယဇ်နှင့်ဆီဥ ကို လောင် လေ၏။ ထိုအကြောင်းအရာကို လူ များတို့သည် မြင် သောအခါ ကြွေးကြော် ၍ ပြပ်ဝပ် ကြ၏။