ဝတ်ပြုရာကျမ်း 4:26
မိဿဟာယ ယဇ်ကောင်ဆီဥ ကို ပြုသကဲ့သို့ ဆီဥ ရှိသမျှ ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် မင်း ၏ အပြစ် အတွက် အပြစ် ဖြေခြင်းကိုပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 4:8မိဿဟာယ ယဇ် ပြုသောနွား ၏ဆီဥကိုယူ သကဲ့သို့ ၊ အပြစ် ဖြေရာ ယဇ်ပြုသောနွားအအူ ကို ဖုံး သော ဆီဥ ၊ အအူ နှင့် ဆိုင်သမျှ သောဆီဥ၊
Leviticus 4:31မိဿဟာယ ယဇ် ကောင်ဆီဥ ကို ယူ သကဲ့သို့ ၊ ဆီဥ ရှိသမျှ ကို ယူ ၍ ထာဝရဘုရား အား မွှေးကြိုင် စရာ ဘို့ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
Leviticus 5:10ဒုတိယ ငှက်ကောင်ကို၊ ပညတ် တရားအတိုင်း မီး ရှို့ရာ ယဇ်ပူဇော် ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေခြင်းကိုပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
Leviticus 5:16ထိုသို့ ဘုရား နှင့်ဆိုင်သော အရာ၌ ပြစ်မှား မိရာကို ပြုပြင် ပြီးလျှင် ၊ ငါး စုတစုကိုလည်း ထပ် ၍ယဇ်ပုရောဟိတ် အား ပေး ရမည်။ ယဇ် ပုရောဟိတ်သည်လည်း ၊ ဒုစရိုက် ဖြေရာယဇ်ဖြစ်သော သိုး အားဖြင့် ၊ ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင်၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
Leviticus 6:7ယဇ် ပုရောဟိတ်သည် ထိုသူ အဘို့ ထာဝရဘုရား ရှေ့ တော်၌ အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူပြစ်မှားသမျှ သောအပြစ် လွတ် လိမ့်မည်ဟု မိန့်တော်မူ၏။
Leviticus 14:18မိမိလက် ၌ ကြွင်း သေးသောဆီ ကို၊ စင်ကြယ် စေရသောသူ ၏ခေါင်း ပေါ် မှာ လောင်း ၍ ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ထာဝရဘုရား ရှေ့ တော်၌ ပြုရမည်။