ဝတ်ပြုရာကျမ်း 4:19
နွားဆီဥ ရှိသမျှ ကို ယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။
မြန်မာကျမ်းစာ
In The King James Version
And he shall take all his fat from him, and burn it upon the altar.
In Context
Cross References
Leviticus 4:8မိဿဟာယ ယဇ် ပြုသောနွား ၏ဆီဥကိုယူ သကဲ့သို့ ၊ အပြစ် ဖြေရာ ယဇ်ပြုသောနွားအအူ ကို ဖုံး သော ဆီဥ ၊ အအူ နှင့် ဆိုင်သမျှ သောဆီဥ၊
Leviticus 4:31မိဿဟာယ ယဇ် ကောင်ဆီဥ ကို ယူ သကဲ့သို့ ၊ ဆီဥ ရှိသမျှ ကို ယူ ၍ ထာဝရဘုရား အား မွှေးကြိုင် စရာ ဘို့ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
Leviticus 5:6ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေရာ ယဇ်ဖြစ်စေခြင်းငှါသိုးသငယ် ဖြစ်စေ ၊ ဆိတ် သငယ် ဖြစ်စေ၊ အမ တကောင်ကောင်တည်းဟူသောဒုစရိုက် ဖြေရာယဇ်ကို ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့ပြီးလျှင် ၊ ယဇ် ပုရောဟိတ်သည် ထိုသူ ၏ အပြစ် အတွက် အပြစ် ဖြေခြင်းကို ပြုရမည်။
Leviticus 12:8သိုးသငယ် ကို မ တတ် နိုင်လျှင် ၊ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ မီး ရှို့ရာယဇ်ဘို့ တကောင် ၊ အပြစ် ဖြေရာယဇ်ဘို့ တကောင် ကို ဆောင် ခဲ့၍ ၊ ယဇ် ပုရောဟိတ်သည် သူ့ အဘို့ အပြစ် ဖြေခြင်းကို ပြုသဖြင့် ၊ သူသည် သန့်ရှင်း ရလိမ့်မည်။ ဤ ရွေ့ကား၊ သား ယောက်ျား၊ သားမိန်းမ ကို ဘွားမြင် သော အမိနှင့် ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။
Numbers 15:25ယဇ်ပုရောဟိတ် သည်၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အဘို့ အပြစ် ဖြေခြင်းကို ပြုရသဖြင့် ၊ သူတို့သည် သတိလစ် ၍ ပြစ်မှားသောကြောင့် ၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူ တို့သည်လည်း သတိလစ် သော အပြစ်ကြောင့် ၊ အပြစ် ဖြေရာယဇ်နှင့်တကွ၊ မီး ဖြင့်ပြုသောပူဇော်သက္ကာ ကို ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရကြမည်။
Hebrews 1:3ထိုသား တော်သည် ဘုရားသခင်၏ ဘုန်း တော် ရောင်ခြည် နှင့် ဇာတိ အဖြစ်တော်၏ ပုံ သဏ္ဌာန်ဖြစ် ၍၊ တန်ခိုး နှင့်ပြည့်စုံသော မိမိ အမိန့် တော်အားဖြင့်ခပ်သိမ်း သော အရာတို့ကို မစ တော်မူသောသူဖြစ် လျက်၊ ၊ ငါတို့ အပြစ် များကို ကိုယ်တော်တိုင်အားဖြင့်သုတ်သင် ပယ်ရှင်းပြီးလျှင်၊ မြင့် သောအရပ်မှာ တန်ခိုး အာနုဘော်တော်၏ လက်ျာဘက် ၌ ထိုင် တော်မူ၏