The Bible Software
ဝတ်ပြုရာကျမ်း · မြန်မာကျမ်းစာ

ဝတ်ပြုရာကျမ်း 4

1တဖန် မောရှေ အား ထာဝရဘုရား က၊

2သင်သည်ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊တရားကိုမသိ၊ထာဝရဘုရား ၏ပညတ် တော်ကိုလွန်ကျူးပြစ်မှား၍မပြုအပ်သောအမှုကိုပြုမိသည်အရာတွင်၊

3ဘိသိက် ခံသော ယဇ် ပုရောဟိတ်သည် လူ များကို အပြစ် ထဲ သို့ သွေးဆောင်၍ ကိုယ်တိုင်ပြစ်မှား လျှင် ၊ ထို အပြစ် အတွက် အပြစ် ဖြေရာယဇ်ဘို့ အပြစ် မပါ၊ အသက်ပျို သော နွား ထီးကို၊

4ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နား ၊ ထာဝရဘုရား ရှေ့ တော် သို့ ဆောင် ခဲ့၍ ၊ ထာဝရဘုရား အား ဆက် ရမည်။ ထိုအခါ နွား ၏ခေါင်း ပေါ်မှာ မိမိ လက် ကို တင် ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ နွား ကို သတ် ရမည်။

5ဘိသိက် ခံသော ယဇ် ပုရောဟိတ်သည်၊ နွား ၏ အသွေး ကို ယူ ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ဆောင် ခဲ့ပြီးလျှင်၊

6မိမိ လက်ညှိုး ကို အသွေး ၌ နှစ် ၍ သန့်ရှင်း ရာဌာနတော် ကုလားကာ ရှေ့ ၊ ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် ဖြန်း ရမည်။

7တဖန် ယဇ် ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်အတွင်း ၊ ထာဝရဘုရား ရှေ့ တော်မှာ ရှိသောနံ့သာ ပေါင်းမွှေးကို မီးရှို့ရာ ပလ္လင် ဦးချို တို့၌ နွားအသွေး ကို ထည့် ၍ ၊ ကြွင်းသော အသွေး ကို၊ ပရိသတ် စည်းဝေး ရာ တဲ တော်တံခါး ရှေ့၌ရှိသော မီး ရှို့ရာ ယဇ်ပလ္လင်ခြေရင်း နားမှာ သွန် ရမည်။

8မိဿဟာယ ယဇ် ပြုသောနွား ၏ဆီဥကိုယူ သကဲ့သို့ ၊ အပြစ် ဖြေရာ ယဇ်ပြုသောနွားအအူ ကို ဖုံး သော ဆီဥ ၊ အအူ နှင့် ဆိုင်သမျှ သောဆီဥ၊

9ခါး အတွင်းနား ၌ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ် ၌ရှိသောအမြှေး တည်းဟူသော၊ နွား ဆီဥ ရှိသမျှ ကို ယူ၍၊ မီးရှို့ရာယဇ် ပလ္လင် ပေါ်မှာ ရှို့ ရမည်။

10နွား ၏ခေါင်း ၊ ခြေထောက် ၊ အအူ ၊ ချေးနု နှင့်တကွအရေ ၊ အသား ရှိသမျှ တည်းဟူသော၊

11

12နွား တကောင်လုံး ကို၊ တပ် ပြင် မှာ ပြာ သွန် ထားရာ ရှင်းလင်း သော အရပ် သို့ ယူ သွား၍ ထင်း အပေါ် ၌ မီး ရှို့ရမည်။ ပြာ သွန် ၍ ထားရာအရပ်၌ မီး ရှို့ ရမည်။

13ဣသရေလ အမျိုးသားပရိသတ် အပေါင်း တို့သည် တရားကိုမသိ၊ အကျိုးအပြစ်ကို မရိပ်မိဘဲ၊ ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ပြစ်မှား၍ မ ပြု အပ်သောအမူကို ပြု မိသဖြင့် အပြစ်ရောက် လျှင်၊

14ထိုသို့ ပြစ်မှား မိသော အပြစ် ကိုသိ သောအခါ ၊ ထိုအပြစ် အတွက် ပရိသတ် တို့သည် အသက်ပျို သော နွား ထီးကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ဆောင် ခဲ့၍ ဆက် ရမည်။

15ပရိသတ် တွင် အသက် ကြီးသောသူတို့ သည်၊ ထာဝရဘုရား ရှေ့ တော်၌ မိမိ တို့လက် ကို နွား ခေါင်း ပေါ် မှာ တင် ၍ ၊ ထိုနွား ကို ရှေ့ တော်၌ သတ် ရကြမည်။

16ဘိသိက် ခံသော ယဇ် ပုရောဟိတ်သည် နွား အသွေး ကို ပရိသတ် စည်းဝေး ရာ တဲ တော်သို့ ဆောင် ခဲ့ ပြီးလျှင် ၊

17မိမိ လက်ညှိုး ကို အသွေး ၌ နှစ် ၍ ၊ ကုလားကာ ရှေ့ ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် ဖြန်း ရမည်။

18တဖန် ယဇ်ပုရောဟိတ်သည်၊ ပရိတ်သတ်စည်းဝေး ရာ တဲ တော်အတွင်း ၊ ထာဝရဘုရား ရှေ့ တော်မှာ ရှိသောပလ္လင် ဦးချို တို့၌ အသွေး ကို ထည့် ၍ ၊ ကြွင်းသောအသွေး ကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့၌ရှိသော မီး ရှို့ရာယဇ်ပလ္လင်ခြေရင်း နားမှာ သွန် ရမည်။

19နွားဆီဥ ရှိသမျှ ကို ယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။

20အပြစ် ဖြေရာ ယဇ်ပြုသောနွား ကို ပြု သကဲ့သို့ ၊ ထိုနည်းတူဤနွား ကို ပြု သဖြင့် ၊ ယဇ် ပုရောဟိတ်သည် လူ များတို့အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ တို့အပြစ် လွတ် လိမ့်မည်။

21ထိုနောက်မှနွား ကို တပ် ပြင် သို့ ဆောင် သွား၍ ၊ အရင် နွား ကို မီး ရှို့သကဲ့သို့ ရှို့ ရမည်။ ပရိသတ် အဘို့ အပြစ် ဖြေစရာ ယဇ်ဖြစ်သတည်း။

22မင်း သည်လည်း တရားကိုမသိ၊ မိမိ ဘုရား သခင် ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ပြစ်မှား၍ မ ပြု အပ်သော အမှုကို ပြု မိသဖြင့် အပြစ် ရောက်လျှင် ၊

23မိမိ ပြစ်မှား မိသော အပြစ် ကို သိ သောအခါ ၊ အပြစ် မပါသော ဆိတ် သငယ် အထီး ကို ပူဇော် သက္ကာဘို့ ဆောင် ခဲ့ရမည်။

24ဆိတ် ခေါင်း ပေါ် မှာ မိမိ လက် ကိုတင် ၍ ထာဝရဘုရား ရှေ့ တော်၌ မီး ရှို့ရာယဇ်ကောင်သတ် ရာအရပ် တွင် သတ် ရမည်။ အပြစ် ဖြေရာ ယဇ်ဖြစ်သတည်း။

25ယဇ် ပုရောဟိတ်သည် ထိုအပြစ် ဖြေရာယဇ်၏ အသွေး ကို လက်ညှိုး နှင့် ယူ ၍ မီး ရှို့ရာ ယဇ်ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှ ၊ ကြွင်းသော အသွေး ကို ထိုပလ္လင် ခြေရင်း နား၌ သွန် ရမည်။

26မိဿဟာယ ယဇ်ကောင်ဆီဥ ကို ပြုသကဲ့သို့ ဆီဥ ရှိသမျှ ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် မင်း ၏ အပြစ် အတွက် အပြစ် ဖြေခြင်းကိုပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။

27ဆင်းရဲသားတစုံတယောက်သည် တရားကို မသိ၊ ထာဝရဘုရား ၏ ပညတ် တော်ကို လွန်ကျူး ပြစ်မှား ၍ ၊ မပြု အပ်သော အမှုကို ပြု မိသဖြင့် အပြစ် ရောက်လျှင်၊

28မိမိ ပြစ်မှား မိသော အပြစ် ကို သိ သောအခါ ၊ ထိုအပြစ် အတွက် ပူဇော် သက္ကာဘို့ အပြစ် မပါသော ဆိတ် သငယ် အမ ကို ဆောင် ခဲ့ရမည်။

29အပြစ် ဖြေရာ ယဇ်ပြုသောဆိတ်ခေါင်း ပေါ် မှာ မိမိ လက် ကိုတင် ၍ မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၌ ထိုဆိတ်ကိုသတ် ရမည်။

30ယဇ် ပုရောဟိတ်သည် အသွေး ကို လက်ညှိုး နှင့် ယူ ၍ မီး ရှို့ရာ ယဇ်ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှ ၊ ကြွင်းသော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် ရမည်။

31မိဿဟာယ ယဇ် ကောင်ဆီဥ ကို ယူ သကဲ့သို့ ၊ ဆီဥ ရှိသမျှ ကို ယူ ၍ ထာဝရဘုရား အား မွှေးကြိုင် စရာ ဘို့ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။

32သိုးသငယ် ကို အပြစ် ဖြေရာယဇ် ပြုလိုလျှင် ၊ အပြစ် မပါသော အမ ကို ဆောင် ခဲ့ရမည်။

33အပြစ် ဖြေရာ ယဇ်ပြုသောသိုးခေါင်း ပေါ် မှာ မိမိ လက် ကို တင် ၍ မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၌ အပြစ် ဖြေရာယဇ်ဖြစ်စေခြင်းငှါသတ် ရမည်။

34ယဇ် ပုရောဟိတ်သည်၊ ထိုယဇ် ကောင် အသွေး ကို လက်ညှိုး နှင့် ယူ ၍ မီး ရှို့ရာ ယဇ်ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှ ဖြန်းသော အသွေး ကို ထိုပလ္လင် ခြေရင်း နား၌ သွန် ရမည်။

35မိဿဟာယ ယဇ် ကောင် သိုးသငယ် ဆီဥ ကို ပြုသကဲ့သို့ ၊ ဆီဥ ရှိသမျှ ကို ယူ၍ ၊ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာနှင့်အတူယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် ထိုသူ ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။

← ဝတ်ပြုရာကျမ်း 3Read In The App, Free →ဝတ်ပြုရာကျမ်း 5 →

Study ဝတ်ပြုရာကျမ်း 4

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627