ဝတ်ပြုရာကျမ်း 4:24
ဆိတ် ခေါင်း ပေါ် မှာ မိမိ လက် ကိုတင် ၍ ထာဝရဘုရား ရှေ့ တော်၌ မီး ရှို့ရာယဇ်ကောင်သတ် ရာအရပ် တွင် သတ် ရမည်။ အပြစ် ဖြေရာ ယဇ်ဖြစ်သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 29:38ယဇ်ပလ္လင် ပေါ် မှာ ပူဇော် ရသော အရာ ဟူမူကား ၊ အခါ မလည်သော သိုးသငယ် နှစ် ကောင်ကို ယူ၍၊
Leviticus 1:5ထာဝရဘုရား ရှေ့ တော်၌ ထိုနွား ကိုသတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည် အသွေး ကိုယူ ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး အနားယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
Leviticus 3:2ပူဇော် သော နွား၏ ခေါင်း ပေါ် မှာ မိမိ လက် ကို တင် ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ သတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည်၊ အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
Leviticus 3:13ဆိတ် ခေါင်း ပေါ် မှာ မိမိ လက် ကိုတင် ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှာ သတ် ပြီးလျှင် ၊ အာရုန် ၏ သား တို့သည် အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
Leviticus 6:18အာရုန် ၏ သား ယောက်ျား အပေါင်း တို့သည် စား ရကြမည်။ မီး ဖြင့် ထာဝရဘုရား အား ပြုသောပူဇော်သက္ကာကို ကိုင် သောသူအပေါင်း တို့သည် သန့်ရှင်း ရကြမည်ဟု သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။
Leviticus 6:25သင်သည် အာရုန် နှင့် သူ ၏သား တို့အား ဆင့်ဆို ရသော အပြစ် ဖြေရာယဇ် ပူဇော်ခြင်းတရား ဟူမူကား ၊ မီး ရှို့ရာယဇ်ကောင်သတ် ရာအရပ် ၌ ထာဝရဘုရား ရှေ့ တော်မှာ အပြစ် ဖြေရာယဇ်ကိုသတ် ရမည်။ အလွန်သန့်ရှင်း ပေ၏။