ဝတ်ပြုရာကျမ်း 4:35
မိဿဟာယ ယဇ် ကောင် သိုးသငယ် ဆီဥ ကို ပြုသကဲ့သို့ ၊ ဆီဥ ရှိသမျှ ကို ယူ၍ ၊ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာနှင့်အတူယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည် ထိုသူ ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 4:20အပြစ် ဖြေရာ ယဇ်ပြုသောနွား ကို ပြု သကဲ့သို့ ၊ ထိုနည်းတူဤနွား ကို ပြု သဖြင့် ၊ ယဇ် ပုရောဟိတ်သည် လူ များတို့အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ တို့အပြစ် လွတ် လိမ့်မည်။
Leviticus 4:30ယဇ် ပုရောဟိတ်သည် အသွေး ကို လက်ညှိုး နှင့် ယူ ၍ မီး ရှို့ရာ ယဇ်ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှ ၊ ကြွင်းသော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် ရမည်။
Leviticus 5:10ဒုတိယ ငှက်ကောင်ကို၊ ပညတ် တရားအတိုင်း မီး ရှို့ရာ ယဇ်ပူဇော် ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေခြင်းကိုပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
Leviticus 6:7ယဇ် ပုရောဟိတ်သည် ထိုသူ အဘို့ ထာဝရဘုရား ရှေ့ တော်၌ အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူပြစ်မှားသမျှ သောအပြစ် လွတ် လိမ့်မည်ဟု မိန့်တော်မူ၏။
Leviticus 12:8သိုးသငယ် ကို မ တတ် နိုင်လျှင် ၊ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ မီး ရှို့ရာယဇ်ဘို့ တကောင် ၊ အပြစ် ဖြေရာယဇ်ဘို့ တကောင် ကို ဆောင် ခဲ့၍ ၊ ယဇ် ပုရောဟိတ်သည် သူ့ အဘို့ အပြစ် ဖြေခြင်းကို ပြုသဖြင့် ၊ သူသည် သန့်ရှင်း ရလိမ့်မည်။ ဤ ရွေ့ကား၊ သား ယောက်ျား၊ သားမိန်းမ ကို ဘွားမြင် သော အမိနှင့် ဆိုင်သောတရား ဖြစ်သတည်းဟု မိန့်တော်မူ၏။
Leviticus 14:53အသက် ရှင်သော ငှက် ကို မြို့ ပြင် ဟင်းလင်း သောအရပ် ၌ လွှတ် လိုက်၍ ၊ ထိုအိမ် အဘို့ ၊ အပြစ် ဖြေ ခြင်းကို ပြုလျှင် ၊ စင်ကြယ် ခြင်း ရှိလိမ့်မည်။