ဝတ်ပြုရာကျမ်း 5:2
တစုံ တယောက်သောသူ သည် မ စင်ကြယ်သော သားရဲ ၊ သားယဉ်၊ တွား တတ်သော တိရစ္ဆာန်၏ အသေ ကောင် အစရှိသော မ စင်ကြယ်သော အရာ တစုံ တခုကို အမှတ်တမဲ့ထိမိ သဖြင့် ၊ မ စင်ကြယ်ရာသို့ ရောက်၍ အပြစ် ရှိသော်၎င်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 5:4တစုံ တယောက်သောသူသည် ကောင်း သောအမှု၊ မ ကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ် ကို မသိဘဲ ကျိန်ဆို လျက် သစ္စာပြု၍ နောက်တဖန်သိလျှင် ၊ အရင်ကျိန်ဆိုလျက် သစ္စာ ပြုလေရာရာ၌ အပြစ် တစုံ တခုရောက်သော်၎င်း ၊
Leviticus 7:21အကြင်သူသည်လည်း၊ လူ ၌ မ စင်ကြယ်သော အရာ၊ မ စင်ကြယ်သောသား ၊ မ စင်ကြယ်သော ပိုးရွ အစ ရှိသော မ စင်ကြယ်သောအရာ တစုံ တခုကို ထိမိ ၍ ၊ ထာဝရဘုရား နှင့် ဆိုင်သော မိဿဟာယ ယဇ်သား ကို စား ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်ဟု မိန့်တော်မူ၏။
Leviticus 11:24ထို တိရစ္ဆာန်အားဖြင့် သင်တို့စင်ကြယ် ခြင်း ပျက်တတ်၏။ သူ တို့အသေ ကောင်ကို ထိ သောသူသည်၊ ညဦး တိုင်အောင် မ စင်ကြယ်။
Deuteronomy 14:8ဝက် သည် ခွာ ကွဲပြား သော်လည်း ၊ စားမြုံ့ မ ပြန် သောကြောင့် ၊ သင် တို့၌ မ စင်ကြယ်။ အသား ကို မ စား ရ။ အသေ ကောင်ကို လည်း မ ထိ ရ။
Isaiah 52:11ထွက် ကြ။ ထွက် ကြ။ ထို အရပ်မှ ထွက် သွားကြလော့။ မစင်ကြယ် သောအရာကို လက်နှင့်မျှ မ တို့ ကြနှင့်။ ထိုအရပ်ထဲက ထွက်သွား ကြလော့။ ထာဝရဘုရား ၏ အဆောက်အဦး တို့ကို ဆောင်ရွက် သောသူတို့၊ သန့်ရှင်း ခြင်းရှိကြလော့။
Luke 11:44သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ မ ထင်ရှားသော သင်္ချိုင်း တွင်းနှင့်တူကြ၏။ ထိုတွင်းအပေါ်မှာသွားလာ သောသူ တို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မ သိ ကြ ဟု မိန့် တော်မူ၏။