ဝတ်ပြုရာကျမ်း 7:21
အကြင်သူသည်လည်း၊ လူ ၌ မ စင်ကြယ်သော အရာ၊ မ စင်ကြယ်သောသား ၊ မ စင်ကြယ်သော ပိုးရွ အစ ရှိသော မ စင်ကြယ်သောအရာ တစုံ တခုကို ထိမိ ၍ ၊ ထာဝရဘုရား နှင့် ဆိုင်သော မိဿဟာယ ယဇ်သား ကို စား ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်ဟု မိန့်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
22တဖန် မောရှေ အား ထာဝရဘုရား က၊
Cross References
Genesis 17:14အရေဖျား မလှီး၊ အရေဖျား လှီးမင်္ဂလာကို မ ခံသောသား ယောက်ျားကို သူ ၏ အမျိုး မှ ပယ်ရှင်း ရ၏။ ထို သူ သည် ငါ့ ပဋိညာဉ် ကို ဖျက် လေပြီဟု အာဗြံဟံ အား မိန့် တော်မူ၏။
Exodus 12:19ခုနစ် ရက် ပတ်လုံးသင် တို့အိမ် များ၌ တဆေး မ ရှိ ရ။ တဆေး ပါသောမုန့်ကို စား သောသူ မည်သည်ကား၊ တကျွန်းတနိုင်ငံ သားဖြစ်စေ ၊ ပြည် သား ဖြစ်စေ၊ ဣသရေလ အမျိုး ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရမည်။
Leviticus 5:2တစုံ တယောက်သောသူ သည် မ စင်ကြယ်သော သားရဲ ၊ သားယဉ်၊ တွား တတ်သော တိရစ္ဆာန်၏ အသေ ကောင် အစရှိသော မ စင်ကြယ်သော အရာ တစုံ တခုကို အမှတ်တမဲ့ထိမိ သဖြင့် ၊ မ စင်ကြယ်ရာသို့ ရောက်၍ အပြစ် ရှိသော်၎င်း၊
Leviticus 7:20ထာဝရဘုရား နှင့် ဆိုင်သော မိဿဟာယ ယဇ်သား ကို အကြင် သူသည် မ စင်ကြယ်သော အပြစ်ရှိ လျက်နှင့် စား မိ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။
Leviticus 7:27အကြင် သူသည် တစုံ တခုသောအသွေး ကို စား ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်ဟု မိန့်တော်မူ၏။
Leviticus 11:20အတောင် ရှိလျက် ခြေလေး ချောင်းနှင့် တွား တတ်သော တိရစ္ဆာန်မျိုးရှိသမျှ တို့သည် သင် တို့၌ ရွံရှာ ဘွယ်ဖြစ်ရကြမည်။