ဝတ်ပြုရာကျမ်း 6:16
ကြွင်း သောအရာတို့ကို၊ အာရုန် နှင့် သူ ၏သား တို့သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်ဝင်း အတွင်း တွင် ၊ သန့်ရှင်း ရာဌာန ၌ တဆေး မပါဘဲ စား ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 2:3ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကား ၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။
Leviticus 5:13ထိုသို့ ယဇ် ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှား မိသော အပြစ် တစုံ တခုအတွက် အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွှတ် လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ်ပူဇော်သက္ကာ ကဲ့သို့ ၊ ယဇ်ပုရောဟိတ် အဘို့ ဖြစ် သည်ဟု မောရှေအား မိန့်တော်မူ၏။
Leviticus 6:26အပြစ် ဖြေဘို့ ပူဇော်သော ယဇ် ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်ဝင်း အတွင်းတွင် သန့်ရှင်း ရာဌာန ၌ စား ရမည်။
Numbers 18:9မီး သို့မရောက်၊ သန့်ရှင်း သော အရာထဲက သင် တို့ ဆိုင်သောအရာဟူမူကား ၊ ဣသရေလအမျိုးသားလှူ သောဥစ္စာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်ပူဇော်လေသမျှ တို့သည် သင် နှင့် သင် ၏သား တို့အဘို့ သန့်ရှင်း ရကြမည်။
Ezekiel 44:29ပူဇော် သောမုန့်ညက်နှင့် အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်ကို စား ရကြမည်။ ဣသရေလ အမျိုးသားကျိန်ဆို ၍ ပူဇော်သမျှ တို့ကိုလည်း သိမ်းယူ ရကြမည်။
1 Corinthians 9:13ဓမ္မ ကိစ္စအမှုကို ဆောင်ရွက် သော သူ တို့သည် ဗိမာန် တော်ကို အမှီပြု ၍ စား ရသည်ကို၎င်း၊ ယဇ် ပူဇော် ခြင်းအမှုကို ဆောင်ရွက် သော သူ တို့သည် ယဇ်ပလ္လင် နှင့် ဆက်ဆံ၍ စားရသည်ကို၎င်း၊ သင်တို့ မ သိ ကြသလော။