ဝတ်ပြုရာကျမ်း 7:34
ဣသရေလ အမျိုးသား တို့ပြုသောမိဿဟာယ ယဇ်များထဲက ချီလွှဲ သော ရင်ပတ် ၊ ချီမြှောက်သော ပခုံး ကို ငါနှုတ် ယူ၍ ဣသရေလ အမျိုးသား တို့တွင် ယဇ်ပုရောဟိတ် အာရုန် နှင့် သူ ၏သား တို့အား ထာဝရ ပညတ် တော်အားဖြင့် ငါပေး ပြီဟု မိန့်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 29:9ခါးပန်း ကိုလည်း စည်း ၍ ၊ ဦးထုပ် ကိုလည်း ဆောင်း စေပြီးလျှင်။ သူ တို့သည် ထာဝရပညတ်တော် အတိုင်း ယဇ်ပုရောဟိတ်အရာကို ဆိုင် ရမည်။ ထိုသို့ အာရုန် နှင့် သူ ၏သား တို့ကို၊ ယဇ်ပုရောဟိတ် အရာ၌ ခန့် ထားရမည်။
Leviticus 3:17သင် တို့အမျိုး အစဉ်အဆက်တို့သည်၊ နေ လေ ရာရာ၌ ဆီဥ ကိုမ စား ရ၊ အသွေး ကို မစားရဟု ထာဝရ ပညတ် တော် ဖြစ်သည်ဟု မိန့်တော်မူ၏။
Leviticus 10:14ချီလွှဲ သောရင်ပတ် ၊ ချီမြှောက်သော ပခုံး ကိုကား၊ သင် နှင့်တကွ သင် ၏ သား သမီး တို့သည် စင်ကြယ် သောအရပ် ၌ စား ရကြမည်။ ဣသရေလ အမျိုးသား တို့သည် ပူဇော်သော မိဿဟာယ ယဇ်ထဲက ၊ သင် နှင့် သင် ၏သား တို့သည် ခံထိုက်သောအဘို့ ဖြစ်သတည်း။
Numbers 18:18အသား မူကား ချီလွှဲ ရာပူဇော်သက္ကာ၏ရင်ပတ် နှင့် လက်ျာ ပခုံး ကဲ့သို့ သင့် အဘို့ ဖြစ် ရမည်။