The Bible Software
ဝတ်ပြုရာကျမ်း · မြန်မာကျမ်းစာ

ဝတ်ပြုရာကျမ်း 7

1ဒုစရိုက် ဖြေသော ယဇ်ပူဇော်ခြင်းတရား ဟူမူကား ၊ အလွန်သန့်ရှင်း ပေ၏။

2မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၌ ဒုစရိုက် ဖြေသော ယဇ်ကောင်ကိုသတ် ၍ အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။

3အမြီး နှင့်တကွ အအူ ကို ဖုံး သောဆီဥ၊

4ခါး အတွင်းနား ၌ ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ် ၌ရှိသောအမြှေး တည်းဟူသောဆီဥ ရှိသမျှ ကိုယူ ၍ ဆက် လျှင် ၊

5ယဇ် ပုရောဟိတ်သည် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့၍ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြုရမည်။ ဒုစရိုက် ဖြေရာယဇ် ဖြစ်သတည်း။

6အသားကို ယဇ် ပုရောဟိတ်ယောက်ျား အပေါင်း တို့သည်၊ သန့်ရှင်း ရာဌာန ၌ စား ရကြမည်။ အလွန်သန့်ရှင်း ပေ၏။

7အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်၏ တရား တပါး တည်းဖြစ်၍၊ ဒုစရိုက် အပြစ် ဖြေခြင်းကို ပြုသော ယဇ် ပုရောဟိတ်သည် ယူရမည်။

8လူ တစုံတယောက်ပြုသောမီး ရှို့ရာယဇ်ကို ပူဇော် သော ယဇ် ပုရောဟိတ်သည်၊ မိမိပူဇော် သော ယဇ် ကောင်အရေ ကိုယူရမည်။

9မီးဖို ၌ ဖုတ် သော ဘောဇဉ်ပူဇော်သက္ကာ ၊ အိုး ကင်း၊ သံပြား ပူနှင့် လုပ် သော အရာရှိသမျှ ကို ပူဇော် သော ယဇ် ပုရောဟိတ်သည် ယူရမည်။

10ဆီ ထည့် သည်ဖြစ်စေ ၊ မ ထည့်သည်ဖြစ်စေ၊ ဘောဇဉ်ပူဇော်သက္ကာ ရှိသမျှ ကို အာရုန် ၏ သား အပေါင်း တို့သည် အညီအမျှ ယူရကြရမည်။

11ထာဝရဘုရား အား ပြုရသော မိဿဟာယ ယဇ် ပူဇော်ခြင်းတရား ဟူမူကား ၊

12ကျေးဇူး တော်ဝန်ခံဘို့ ရာပူဇော် လျှင် ၊ ကျေးဇူး တော် ဝန်ခံရာယဇ်နှင့်တကွ ဆီ ရော သော တဆေး မဲ့ မုန့်ပြား ၊ ဆီ နှင့် လုပ် သော တဆေး မဲ့မုန့်ကြွပ် ၊ ဆီ ရော သော မုန့်ညက် နှင့် လုပ်၍ ကြော် သော မုန့်ပြား တို့ကို ပူဇော် ရမည်။

13ထိုမုန့်ပြားမှတပါး၊ မိဿဟာယ ပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူး တော်ဝန်ခံရာယဇ်နှင့်တကွ ၊ တဆေး ပါသောမုန့် ကိုလည်း ပူဇော် ရမည်။

14ပူဇော် သက္ကာရှိသမျှ အထဲ က မုန့်တလုံး ကို ထာဝရဘုရား အား ချီမြှောက်သော ပူဇော် သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယ ယဇ် အသွေး ဖြန်း သောယဇ် ပုရောဟိတ် ယူ ရမည်။

15ကျေးဇူး တော်ဝန်ခံဘို့ရာပူဇော်သော မိဿဟာယ ယဇ်အသား ကို၊ ပူဇော် သောနေ့ ခြင်းတွင် စား ရမည်။ နံနက် တိုင်အောင် မ ကြွင်း စေရ။

16သို့မဟုတ် သစ္စာ ပြု၍ ယဇ် ပူဇော် သည်ဖြစ်စေ ၊ ကိုယ် အလိုအလျောက်ပူဇော်သည်ဖြစ်စေ၊ ပူဇော် သောနေ့ ခြင်းတွင် ၊ ယဇ် အသားကို စား ၍ အကြွင်း ကိုလည်း နက်ဖြန် နေ့စား ရမည်။

17ကြွင်း သေးသော အသား ကိုလည်း သန်ဘက် နေ့ ၌ မီး ရှို့ ရမည်။

18မိဿဟာယ ယဇ် အသား အနည်းငယ်ကို၊ သန်ဘက် နေ့ ၌ စား မိလျှင် စိတ် တော်နှင့်မ တွေ့။ ပူဇော် သောသူ သည် အကျိုး ကိုမ ရ။ ရွံရှာ ဘွယ် ဖြစ် လိမ့်မည်။ စား သောသူ သည် ကိုယ် အပြစ် ကိုခံရ လိမ့်မည်။

19မ စင်ကြယ်သောအရာနှင့် ထိမိ သော ယဇ်သား ကို မ စား ရ။ မီး ရှို့ ရမည်။ စင်ကြယ် သောသူ တို့ သာလျှင် ထိုယဇ်သား ကို စား ရကြမည်။

20ထာဝရဘုရား နှင့် ဆိုင်သော မိဿဟာယ ယဇ်သား ကို အကြင် သူသည် မ စင်ကြယ်သော အပြစ်ရှိ လျက်နှင့် စား မိ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။

21အကြင်သူသည်လည်း၊ လူ ၌ မ စင်ကြယ်သော အရာ၊ မ စင်ကြယ်သောသား ၊ မ စင်ကြယ်သော ပိုးရွ အစ ရှိသော မ စင်ကြယ်သောအရာ တစုံ တခုကို ထိမိ ၍ ၊ ထာဝရဘုရား နှင့် ဆိုင်သော မိဿဟာယ ယဇ်သား ကို စား ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်ဟု မိန့်တော်မူ၏။

22တဖန် မောရှေ အား ထာဝရဘုရား က၊

23သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် သိုး ၊ ဆိတ် ၊ နွား ဆီဥ ကို အလျှင်း မ စား ရ။

24အလိုလို သေသော တိရစ္ဆာန်ဆီဥ ၊ သားရဲ ကိုက်၍ သေသော တိရစ္ဆာန်ဆီဥ ကို အခြားသို့ သုံး ရသော်လည်း၊ အလျှင်းမ စား ရ။

25အကြင်သူသည် ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြု သော တိရစ္ဆာန် ဆီဥ ကို စား ၏။ ထိုသူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။

26သင် တို့သည် နေ လေ ရာရာ၌ ငှက် သွေး၊ သား သွေးမှစ၍ အသွေး မည်မျှကို မ စား ရ။

27အကြင် သူသည် တစုံ တခုသောအသွေး ကို စား ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်ဟု မိန့်တော်မူ၏။

28တဖန် မောရှေ အား ထာဝရဘုရား က၊

29သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ထာဝရဘုရား အား မိဿဟာယ ယဇ် ကို ပူဇော် သောသူသည်၊ မိမိ ပူဇော် သော ယဇ်အထဲ က၊ ထာဝရဘုရား အား ဆက် ဘို့ရာဆောင် ခဲ့ရမည်။

30ထာဝရဘုရား ရှေ့ တော်၌ ရင်ပတ် ကိုချီလွှဲ ၍၊ ချီလွှဲ သော ပူဇော်သက္ကာ ပြုစေခြင်းငှါ ၊ ရင်ပတ် နှင့် ဆီဥ တည်းဟူသောမီး ဖြင့် ထာဝရဘုရား အား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင် ခဲ့ရမည်။

31ယဇ် ပုရောဟိတ်သည်၊ ဆီဥ ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့၍ ၊ ရင်ပတ် ကို အာရုန် နှင့် သူ ၏သား တို့သည် ယူရကြမည်။

32မိဿဟာယ ယဇ်ထဲက လက်ျာ ပခုံး ကို ချီမြှောက်သော ပူဇော် သက္ကာဘို့ ယဇ်ပုရောဟိတ် အား ပေး ရမည်။

33မိဿဟာယ ယဇ် အသွေး နှင့် ဆီဥ ကို၊ အာရုန် ၏သား တို့တွင် ပူဇော် သောသူသည်၊ လက်ျာ ပခုံး ကို မိမိ အဘို့ ယူရမည်။

34ဣသရေလ အမျိုးသား တို့ပြုသောမိဿဟာယ ယဇ်များထဲက ချီလွှဲ သော ရင်ပတ် ၊ ချီမြှောက်သော ပခုံး ကို ငါနှုတ် ယူ၍ ဣသရေလ အမျိုးသား တို့တွင် ယဇ်ပုရောဟိတ် အာရုန် နှင့် သူ ၏သား တို့အား ထာဝရ ပညတ် တော်အားဖြင့် ငါပေး ပြီဟု မိန့်တော်မူ၏။

35ထိုသို့ အာရုန် နှင့် သူ ၏သား တို့သည်၊ ထာဝရဘုရား ရှေ့တော်မှာ ယဇ် ပုရောဟိတ်အမှုကို ဆောင်ရွက် မည်အကြောင်း၊ သူတို့ကို ခန့် ထားသောနေ့ ၌ ၊ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာများထဲက ၊ သူတို့ခံရသောအဘို့ ဖြစ်၏။

36ဣသရေလ အမျိုးသား တို့လက်မှ ထိုသို့သောအဘို့ကိုခံရမည်အကြောင်း၊ သူ တို့ကို ဘိသိက် ပေးတော်မူသောနေ့ ၌ ၊ ထာဝရဘုရား မှာ ထားတော်မူ၏။ သူ တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် ဖြစ်သတည်း။

37ဤ ရွေ့ကား၊ ဣသရေလ အမျိုးသား တို့သည်၊ သိနာ တော ၌ ထာဝရဘုရား အား ပူဇော် သက္ကာပြုရမည် အကြောင်းမှာ ထားတော်မူသောနေ့ ၌ သိနာ တောင် ပေါ် မှာ ထာဝရဘုရား သည် မောရှေ အား ပေးတော်မူသောမီး ရှို့ရာယဇ်တရား ၊ ဘောဇဉ်ပူဇော်သက္ကာ တရား၊ အပြစ် ဖြေရာယဇ်တရား၊ ဒုစရိုက် ဖြေရာ ယဇ်တရား၊ အရာ ၌ ခန့်ထားရာ ယဇ်တရား၊

38မိဿဟာယ ယဇ်တရား ဖြစ်သတည်းဟု မိန့် တော်မူ၏။

← ဝတ်ပြုရာကျမ်း 6Read In The App, Free →ဝတ်ပြုရာကျမ်း 8 →

Study ဝတ်ပြုရာကျမ်း 7

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627