ဝတ်ပြုရာကျမ်း 8:13
အာရုန် ၏သား တို့ကိုလည်း အင်္ကျီ ဝတ် စေ၍ ၊ ခါးပန်း ကို စည်း စေလျက် ၊ ဦးထုပ် ကို ဆောင်း စေလေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
12လိမ်း ရန်ဆီ ကို အာရုန် ခေါင်း ပေါ် မှာ လောင်း ၍ သူ့ ကိုသန့်ရှင်း စေခြင်းငှါ လိမ်း လေ၏။
Cross References
Exodus 28:40အာရုန် ၏သား တို့ ဘုန်း အသရေ ကို ထင်ပေါ်စေခြင်းငှါ ၊ အင်္ကျီ ၊ ခါးပန်း ၊ ဦးထုပ် များကို လုပ် ပေးရမည်။
Exodus 40:14သူ ၏သား တို့သည်လည်း ငါ့ ရှေ့၌ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်မည်အကြောင်း ၊ သူ တို့ကို ခေါ် ခဲ့၍ အင်္ကျီ ဝတ် စေလျက် ၊ သူတို့အဘ ကို ဆီလိမ်း သကဲ့သို့ ၊ သူ တို့ကို ဆီ လိမ်းရမည်။
Leviticus 8:21ဝမ်းထဲ ၌ရှိသောအရာနှင့် ခြေ တို့ကို ဆေးကြော ၍ ၊ သိုး တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။ မွှေးကြိုင် ရာဘို့ မီး ရှို့သော ယဇ်ဖြစ်သတည်း။ မီး ဖြင့် ထာဝရဘုရား အား ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။
Isaiah 61:6သင် တို့မူကား၊ ထာဝရဘုရား ၏ ယဇ်ပုရောဟိတ် ဟူ၍၎င်း၊ ငါ တို့ဘုရား သခင်၏ အမှုတော်ထမ်း ဟူ၍၎င်း သမုတ် ခြင်းကိုခံရကြလိမ့်မည်။ တပါးအမျိုးသား တို့ ၏ စည်းစိမ် ကို စား ၍ ၊ သူ တို့၏ ဘုန်း အသရေ၌ ဝါကြွား ဝမ်းမြောက်ကြလိမ့်မည်။
1 Peter 2:5အသက် ကျောက် များကဲ့သို့ အဆင့်ဆင့်အထပ်ထပ်တည်ဆောက် လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှု ခရစ် အားဖြင့် ဘုရားသခင် နှစ်သက် တော်မူရာ ဓမ္မ ယဇ် ကိုပူဇော် ရသော သန့်ရှင်း သော ယဇ် ပုရောဟိတ်မျိုး လည်း ဖြစ် ကြ၏။
Revelation 1:6မိမိ ခမည်းတော် ဘုရားသခင့် ရှေ့ ၌ ငါ တို့ကို ရှင်ဘုရင် အရာ၌၎င်း၊ ယဇ် ပုရောဟိတ်အရာ၌ ခန့်ထား တော်မူသောသူသည်၊ ကမ္ဘာ အဆက်ဆက်ဘုန်း အသရေ၊ အစွမ်း သတ္တိရှိ တော်မူစေသတည်း။ အာမင် ။