The Bible Software
ဝတ်ပြုရာကျမ်း · မြန်မာကျမ်းစာ

ဝတ်ပြုရာကျမ်း 8

1တဖန် ထာဝရဘုရား က၊

2သင်သည် အာရုန် နှင့် သူ ၏သား များ၊ အဝတ် များ၊ လိမ်း ရန်ဆီ ၊ အပြစ် ဖြေရာ ယဇ်ဘို့ နွား ထီး၊ သိုး ထီးနှစ် ကောင်၊ တဆေး မဲ့ မုန့်တတောင်း ကိုယူ ၍၊

3ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့သို့ ပရိသတ် အပေါင်း ကို စည်ဝေး စေလော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊

4မောရှေ ပြု ၍ ၊ ပရိသတ် တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့မှာ စည်းဝေး ကြ၏။

5မောရှေ ကလည်း ၊ ဤသို့ ထာဝရဘုရား မှာ ထား တော်မူပြီဟု ပရိသတ် တို့အား ပြောဆို လျက်၊

6ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ အာရုန် နှင့် သူ ၏သား တို့ကို ခေါ် ခဲ့၍ ရေချိုး ပြီးလျှင် ၊

7အာရုန်ကို အင်္ကျီ ဝတ် စေ၍ ၊ ခါးပန်း ကို စည်း စေလေ၏။ ဝတ်လုံ နှင့် သင်တိုင်း ကိုလည်း ခြုံ စေ၍ ၊ ထူးဆန်းသောသင်တိုင်း ခါးစည်း ဖြင့် စည်း လေ၏။

8ရင်ဖုံး ကိုလည်း ဆင်စေ၍ ၊ ရင်ဖုံး အထဲ ၌ ဥရိမ် နှင့် သုမိမ် ကို သွင်း ထားလေ၏။

9သူ ၏ခေါင်း ပေါ် မှာ ဗေါင်း ကိုတင် ၍ ၊ သန့်ရှင်း သော ရွှေ သင်းကျစ် ပြား ကို ဗေါင်း ရှေ့ ၌ တပ် လေ၏။

10ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မောရှေ သည် လိမ်း ရန်ဆီ ကိုယူ ၍ ၊ တဲ တော်နှင့် တဲတော် တန်ဆာရှိသမျှ ကို လိမ်း သဖြင့် သန့်ရှင်း စေ၏။

11ထိုဆီကို ယဇ် ပလ္လင်ပေါ် မှာ ခုနစ် ကြိမ် ဖြန်း ၍ ၊ ယဇ် ပလ္လင်တန်ဆာ ရှိသမျှ ကို၎င်း ၊ အင်တုံ နှင့် ခြေထောက် ကို၎င်း ၊ သန့်ရှင်း စေခြင်းငှါ လိမ်း လေ၏။

12လိမ်း ရန်ဆီ ကို အာရုန် ခေါင်း ပေါ် မှာ လောင်း ၍ သူ့ ကိုသန့်ရှင်း စေခြင်းငှါ လိမ်း လေ၏။

13အာရုန် ၏သား တို့ကိုလည်း အင်္ကျီ ဝတ် စေ၍ ၊ ခါးပန်း ကို စည်း စေလျက် ၊ ဦးထုပ် ကို ဆောင်း စေလေ၏။

14ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ အပြစ် ဖြေရာယဇ်ဘို့ နွား ထီးကို ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို နွား ခေါင်း ပေါ် မှာ တင် ကြ၏။

15နွားကိုသတ် ၍ ၊ မောရှေ သည် ယဇ် ပလ္လင်ပတ်လည် ဦးချို တို့၌ အသွေး ကို လက်ညှိုး နှင့် ယူ ၍ ထည့် သဖြင့် ၊ ယဇ် ပလ္လင်ကို စင်ကြယ် စေပြီးမှ ၊ ကြွင်းသော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် ၍ ၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်း စေ၏။

16အအူ ကိုဖုံး သော ဆီဥ ရှိသမျှ ၊ အသည်း ပေါ်၌ရှိသောအမြှေး ၊ ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ကိုယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။

17အရေ ၊ အသား ၊ ချေးနု နှင့်တကွ နွား ကောင်ကို၊ တပ် ပြင် မှာ ရှို့ ရ၏။

18ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မီး ရှို့ရာယဇ်ပြုသောသိုး ထီးကိုလည်း ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ကြ၏။

19သိုးကိုသတ် ပြီးလျှင် ၊ မောရှေ သည် အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း လေ၏။

20သိုး ကိုလည်း အပိုင်း ပိုင်းဖြတ် ပြီးလျှင် ၊ ခေါင်း မှစ၍သားတစ် များနှင့် ဆီဥ ကို မီး ရှို့လေ၏။

21ဝမ်းထဲ ၌ရှိသောအရာနှင့် ခြေ တို့ကို ဆေးကြော ၍ ၊ သိုး တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။ မွှေးကြိုင် ရာဘို့ မီး ရှို့သော ယဇ်ဖြစ်သတည်း။ မီး ဖြင့် ထာဝရဘုရား အား ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။

22ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ အခြား သောသိုး ၊ အရာ ၌ ခန့်ထားရာ သိုး ကိုဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည် မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ကြ၏။

23သိုးကိုသတ် ပြီးမှ ၊ မောရှေ သည် အသွေး ကိုယူ ၍ ၊ အာရုန် ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၌ ၎င်း ၊ လက်ျာ ခြေမ ၌ ၎င်း ၊ ထည့် လေ၏။

24အာရုန် ၏ သား တို့ကိုလည်း ခေါ် ခဲ့၍ ၊ သူ တို့လက်ျာ နား ပျဉ်း ၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ တို့၌ အသွေး ကိုထည့် ပြီးမှ ၊ ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း လေ၏။

25ဆီဥ ၊ အမြီး ၊ အအူ ကို ဖုံး သော ဆီဥ ၊ အသည်း ပေါ်၌ ရှိသောအမြှေး ၊ ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ် ကိုဖုံးသော ဆီဥ ၊ လက်ျာ ပခုံး ၊

26ထာဝရဘုရား ရှေ့ တော်၌ ထားသော တဆေး မဲ့ မုန့်တောင်း ထဲက တဆေး မဲ့ မုန့်တလုံး ၊ ဆီ နှင့် လုပ်သော မုန့်ပြား တပြား ၊ မုန့်ကြွပ် တချပ် ကိုယူ ၍ ၊ မုန့်များကို ဆီဥ နှင့် လက်ျာ ပခုံး ပေါ် မှာ ထည့် ပြီးလျှင်၊

27အာရုန် ၏လက် ၊ သူ ၏သား တို့လက် ၌ ထိုအရာတို့ကို ထား ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ၊ ချီလွှဲ သဖြင့် ၊ ချီလွှဲ သော ပူဇော်သက္ကာပြုလေ၏။

28ထိုအရာတို့ကို သူ တို့လက် မှ ခံယူ ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရာယဇ်နှင့်အတူ ရှို့ လေ၏။ မွှေးကြိုင် သော အနံ့ရှိ၍ အရာ ၌ ခန့်ထားရာ ယဇ်ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။

29ထိုနောက် မောရှေ သည် ရင်ပတ် ကို ယူ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ သဖြင့်၊ ချီလွှဲ သော ပူဇော်သက္ကာပြုလေ၏။ အရာ ၌ ခန့်ထားရာ သိုး ၏ ရင်ပတ်သည် မောရှေ ၏အဘို့ ဖြစ်သတည်း။

30တဖန် ယဇ် ပလ္လင်ပေါ် မှာရှိသော အသွေး နှင့် လိမ်း ရန်ဆီ ကိုယူ ၍ အာရုန် နှင့် သူ ၏ အဝတ် ၌ ၎င်း၊ သူ ၏သား တို့နှင့် သူတို့အဝတ် ၌ ၎င်း၊ ဖြန်း သဖြင့်၊ အာရုန် မှစ၍သား များ၊ အဝတ် များတို့ကို သန့်ရှင်း စေ လေ၏။

31မောရှေ သည်၊ အာရုန် နှင့် သူ ၏သား တို့အား လည်း ၊ ထိုသိုး၏ အသား ကို ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားမှာ ပြုတ် ကြလော့။ ထာဝရဘုရားက၊ အာရုန် နှင့် သူ ၏သား တို့သည် ထိုအသားကို စား ရကြမည် ဟု ငါ့အား မှာ ထားတော်မူသည်အတိုင်း ၊ ထိုအသားကို၎င်း၊ အရာ ၌ ခန့်ထားရာ မုန့်တောင်း ၌ ရှိသော မုန့် ကို၎င်း၊ ထို အရပ်၌ စား ကြလော့။

32ကျန် ကြွင်းသော အသား နှင့် မုန့် ကိုမီး ရှို့ ရမည်။

33သင် တို့ကို အရာ ၌ ခန့်ထားရာ ကာလ ခုနစ် ရက် မ စေ့မှီ ပရိတ်သတ်စည်းဝေး ရာ တဲ တော်တံခါး ပြင် သို့ မ ထွက် ရကြ။ ခုနစ် ရက် ပတ်လုံးအရာ၌ ခန့်ထားခြင်း မင်္ဂလာကို ဆောင်ရကြမည်။

34ယနေ့ ပြု သည်အတိုင်း သင် တို့အဘို့ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရား မှာ ထား တော်မူပြီ။

35ထိုကြောင့် သင်တို့သည် သေ ဘေးနှင့် ကင်း လွတ်ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား မှာ၊ ခုနစ် ရက် ပတ်လုံးနေ့ ညဉ့်မပြတ်နေ ၍ ၊ ထာဝရဘုရား အမှု တော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာ ထားတော်မူပြီဟု ဆင့်ဆိုသည်ဖြစ်၍၊

36မောရှေ အားဖြင့် ထာဝရဘုရား မှာ ထားတော်မူသမျှ အတိုင်း ၊ အာရုန် နှင့် သူ ၏သား တို့သည် ပြု ကြ၏။

← ဝတ်ပြုရာကျမ်း 7Read In The App, Free →ဝတ်ပြုရာကျမ်း 9 →

Study ဝတ်ပြုရာကျမ်း 8

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627