ဝတ်ပြုရာကျမ်း 9:7
အာရုန် အား လည်း ၊ သင်သည် ယဇ် ပလ္လင်သို့ သွား ၍ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင် ၏ အပြစ် ဖြေရာယဇ်၊ မီး ရှို့ရာယဇ်ကို ပူဇော် သဖြင့် ၊ သင် နှင့် လူ များအတွက် အပြစ် ဖြေခြင်းကို ပြုလော့။ လူ များ ဆောင်ယူခဲ့သော ပူဇော် သက္ကာကိုလည်း ပူဇော် ၍ ၊ သူ တို့အတွက် အပြစ် ဖြေခြင်းကို ပြုလော့ဟူ၍၎င်း ဆိုလေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
8အာရုန် သည်လည်း ၊ ယဇ် ပလ္လင်သို့ သွား ၍ မိမိ နှင့် ဆိုင်သော အပြစ် ဖြေရာယဇ် နွား သငယ်ကိုသတ် လေ၏။
Cross References
Leviticus 4:3ဘိသိက် ခံသော ယဇ် ပုရောဟိတ်သည် လူ များကို အပြစ် ထဲ သို့ သွေးဆောင်၍ ကိုယ်တိုင်ပြစ်မှား လျှင် ၊ ထို အပြစ် အတွက် အပြစ် ဖြေရာယဇ်ဘို့ အပြစ် မပါ၊ အသက်ပျို သော နွား ထီးကို၊
Leviticus 8:34ယနေ့ ပြု သည်အတိုင်း သင် တို့အဘို့ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရား မှာ ထား တော်မူပြီ။
Leviticus 16:6အပြစ် ဖြေရာယဇ်ဘို့ ဆိတ် သငယ်နှစ် ကောင်၊ မီး ရှို့ရာယဇ်ဘို့ သိုး တကောင် ကို၊ ဣသရေလ အမျိုးသား ပရိသတ် လက်မှ ခံယူ ရမည်။
Leviticus 16:24တဖန် အာရုန် သည် ပရိသတ်စည်းဝေး ရာ တဲ တော်ထဲ သို့ဝင် ၍ ၊ သန့်ရှင်း ရာဌာနတော်ထဲ သို့ အရင် ဝင် သောအခါ ၊ ဝတ် သော ပိတ်ချော အဝတ် ကို ချွတ် ၍ ထို အရပ်၌ ထား ရမည်။
Hebrews 5:1လူတို့ တွင် ရွေးကောက်သော ယဇ်ပုရောဟိတ် မင်း မည်သည်ကား ၊ ပူဇော် သက္ကာကို၎င်း ၊ အပြစ် ဖြေ ရာ ယဇ် ကို၎င်း ပူဇော် ၍၊ လူတို့ အတွက် ဘုရား ဝတ်ပြု စေခြင်းငှာခန့်ထား တော်မူသောသူဖြစ်၏
Hebrews 7:27အခြားသော ယဇ်ပုရောဟိတ် မင်းတို့သည် ကိုယ် အပြစ် ကြောင့် ၎င်း၊ လူ များအပြစ်ကြောင့်၎င်း၊ နေ့တိုင်း ယဇ် ပူဇော် ရသကဲ့သို့ ၊ ထိုသခင် သည် ယဇ်ပူဇော်စရာအကြောင်း မ ရှိ၊ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိ ကိုယ်ကိုတစ်ခါ တည်း ယဇ် ပူဇော်၍ ထိုအမှုကို ပြီးစီး တော်မူပြီ