ရှင်လုကာခရစ်ဝင် 1:53
ငတ်မွတ် သောသူတို့ကို ကောင်းမွန် စွာကျွေး ၍ ရ တတ်သောသူတို့ကို လက်ချည်း လွှတ် လိုက်တော်မူပြီ။
မြန်မာကျမ်းစာ
In The King James Version
He hath filled the hungry with good things; and the rich he hath sent empty away.
In Context
52ဘုရင် တို့ကို ရာဇပလ္လင် ပေါ် မှချ ၍ နှိမ့်ချ သောသူတို့ကို ချီးမြှောက် တော်မူပြီ။
54ငါ တို့ဘိုးဘေး များတို့အား ဗျာဒိတ် ထားတော်မူသည်နှင့်အညီ ၊
Cross References
Psalms 34:10ခြင်္သေ့ တို့သည် ဆင်းရဲ ၍ ငတ်မွတ် ခြင်းကို ခံရသော်လည်း ၊ ထာဝရဘုရား ကို ရှာ သောသူတို့၌ ကောင်း သောအရာတစုံ တခုမျှ မ လို ရာ။
Psalms 146:7ညှဉ်းဆဲ ခြင်းကိုခံရသောသူတို့ အား တရား ပြု တော်မူ၏။ ငတ်မွတ် သောသူတို့ ကိုကျွေးမွေး တော်မူ၏။ ထာဝရဘုရား သည် ချုပ်ထား ခြင်းကို ခံရသောသူတို့ကို လွှတ် တော်မူ၏။
Matthew 5:6ဖြောင့်မတ် ခြင်းပါရမီကို ဆာငတ် ခင်မွတ် သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည်ဝပြော ခြင်းသို့ရောက်ကြလတံ့။
Luke 6:24တစ်နည်းကား၊ ငွေရတတ် သောသင် တို့ သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် မိမိ သက်သာ ခြင်းကို ယခုခံရ ကြ၏။
Luke 16:19တစ်ဖန်တုံ ၊ သူဌေး တစ် ယောက်သည် နီမောင်း သော ကမ္ဗလာနှင့် ပိတ်ချော ကိုဝတ်ဆင် ၍ ၊ ကာမဂုဏ် စည်းစိမ် ၌ နေ့တိုင်း ပျော်မွေ့ လျက်နေ၏။
Luke 18:24ထိုသို့ စိတ်မသာ သည်ကို ယေရှု သည် မြင် တော်မူလျှင် ၊ ဥစ္စာ ရ တတ်သောသူ သည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ အလွန်ဝင် ခဲ လှ၏။