ရှင်လုကာခရစ်ဝင် 13:17
ထိုသို့ မိန့် တော်မူပြီးမှရန်ဘက် နေသော သူ အပေါင်း တို့သည် ရှက်ကြောက် ခြင်းရှိ၍ ၊ ပြု တော်မူသောအံ့ဩဘွယ် အမှုများတို့ကို လူ အပေါင်း တို့သည်နှစ်သက် ဝမ်းမြောက်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 13
Cross References
Exodus 15:11အို ထာဝရဘုရား ၊ ဘုရား များတို့တွင် အဘယ်မည် သော ဘုရားသည် ကိုယ်တော် နှင့်တူ ပါသနည်း။ သန့်ရှင်း ခြင်းအားဖြင့် ဘုန်းကြီး တော်မူထသော၊ ချီးမွမ်းခြင်းကိုခံ စဉ်တွင်၊ ကြောက်မက် ဘွယ် ဖြစ်တော်မူထသော၊ အံ့ဘွယ် သောအမှုတို့ကို ပြု တော်မူသော၊ ကိုယ်တော် နှင့် အဘယ် ဘုရား တူ ပါသနည်း။
Psalms 109:29အကျွန်ုပ် ၏ ရန်သူ တို့သည် ရှက်ကြောက် ခြင်းအဝတ်ကိုဝတ် ၍ ၊ စောင် နှင့်ခြုံသကဲ့သို့ ၊ မျက်နှာ ပျက်ခြင်း နှင့် ကိုယ် ကိုခြုံ ကြပါစေသော။
Psalms 132:18ထိုအရှင် ၏ ရန်သူ များကို ရှက်ကြောက် ခြင်းနှင့် ငါဖုံးလွှမ်း မည်။ သူ ၏ဦးရစ် သရဖူသည် ဘုန်းပွင့် လျက် ရှိလိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။
Isaiah 45:24ထာဝရဘုရား အားဖြင့် သာ ဖြောင့်မတ် ခြင်းနှင့် အစွမ်း သတ္တိကို ရပါသည်ဟု လူတိုင်းလျှောက် ရမည်။ ကိုယ်တော် ကို မနာလို သော သူအပေါင်း တို့သည် အထံ တော်သို့ လာ ၍ ၊ ရှက်ကြောက် ခြင်းသို့ ရောက်ရကြ လိမ့်မည်။
Luke 18:43ထိုခဏခြင်း တွင် ထိုသူ သည် မျက်စိ မြင်၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်းလျက် နောက် တော်သို့ လိုက်လေ၏။ လူ အပေါင်း တို့သည် မြင် လျှင် ဘုရားသခင် ကို အံ့ဩချီးမွမ်း ကြ၏။
Luke 19:48လူ အပေါင်း တို့သည် ဒေသနာတော်ကို စေ့စေ့ နားထောင် သောကြောင့် သတ်နိုင်သောအခွင့် ကို မ တွေ့ မရကြ။