Isaiah 45:24
ထာဝရဘုရား အားဖြင့် သာ ဖြောင့်မတ် ခြင်းနှင့် အစွမ်း သတ္တိကို ရပါသည်ဟု လူတိုင်းလျှောက် ရမည်။ ကိုယ်တော် ကို မနာလို သော သူအပေါင်း တို့သည် အထံ တော်သို့ လာ ၍ ၊ ရှက်ကြောက် ခြင်းသို့ ရောက်ရကြ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
25ဣသရေလ အမျိုးသား အပေါင်း တို့သည် ထာဝရဘုရား အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်၍ ဝါကြွား ကြ လိမ့်မည်။
Cross References
Genesis 49:10ရှိလောမရောက် မှီတိုင်အောင် ၊ ရာဇလှံတံ သည် ယုဒ ထံ မှ၎င်း၊ မင်း အာဏာသည် သူ၏အမျိုးအနွယ် ထံ မှ၎င်း မ ရွေ့ ရ။ ရှိလော ၌ လူမျိုး တို့သည် ဆည်းကပ် ကြလိမ့်မည်။
Psalms 21:8ကိုယ်တော် ၏လက် သည် ရန်သူ အပေါင်း တို့ကိုတွေ့ ၍ ၊ ကိုယ်တော် ကိုမုန်း သောသူတို့ကို လက်ျာ လက်တော်သည် တွေ့ တော်မူမည်။
Psalms 72:9တောတွင်း သားတို့သည် ရှေ့ တော်၌ ဦးချ ၍၊ ရန်သူ တို့သည်လည်း မြေမှုန့် ကို လျက် ကြလိမ့်မည်။
Psalms 110:2ထာဝရဘုရား သည် အရှင် ၏ အာဏာ တော် လှံတံ ကို ဇိအုန် မြို့မှ လွှတ် တော်မူမည်။ ကိုယ်တော် သည် ရန်သူ တို့၏အလယ် ၌ အုပ်စိုး တော်မူလိမ့်မည်။
Isaiah 41:11သင် ၌ အမျက် ထွက်သောသူတို့ သည် ရှက်ကြောက် ခြင်းနှင့် မျက်နှာပျက် ခြင်း ရှိကြလိမ့်မည်။ သင် ၌ ရန်ပြု သောသူ တို့ သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ် ၍၊ ရှင်းရှင်းပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
Isaiah 45:25ဣသရေလ အမျိုးသား အပေါင်း တို့သည် ထာဝရဘုရား အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်၍ ဝါကြွား ကြ လိမ့်မည်။