ရှင်လုကာခရစ်ဝင် 14:18
ခေါ်အပ်သော သူအပေါင်း တို့သည် တစ်ညီတစ်ညွတ် တည်းပရိယာယ်ပြု ကြ၏။ တစ် ယောက်က၊ အကျွန်ုပ်သည် မြေရာ ကို ဝယ် ပါပြီ။ သွား ၍ ကြည့် ရ ပါမည်။ အကျွန်ုပ် ကို လွှတ် ပါဦးလော့ဟု တောင်းပန် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 14
Cross References
Isaiah 29:11ဗျာဒိတ် တော်ရှိသမျှ သည် တံဆိပ် ခတ်သောစာ ကဲ့သို့ သင် တို့၌ ဖြစ် ၏။ ထို စာသည် စာ တတ်သောသူအား ပေး ၍၊ ဤ စာ ကို ဘတ် ပါလော့ဟု ဆို လျှင်၊ ထိုသူက၊ ဤစာ ကို ငါမ ဘတ်နိုင်။။ တံဆိပ် ခတ်လျက်ရှိ၏ဟု ပြန်ပြော တတ် ၏။
Jeremiah 6:10သူတို့သည် နားထောင် မည်အကြောင်း၊ အဘယ်သူ ကို ငါပြော ၍ သတိပေး ရမည်နည်း။ သူ တို့နား သည် အရေဖျား လှီးခြင်းမခံသော နားဖြစ်၍၊ သူတို့သည် နား မ ထောင်နိုင် ကြ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် သူ တို့ကဲ့ရဲ့ စရာဖြစ်၏။ ထိုနှုတ်ကပတ် တော် ကို မ နှစ်သက် ကြ။
Matthew 22:5သို့သော်လည်း ထိုသူ တို့သည် နားမထောင် ဘဲ အချို့ တို့သည် မိမိ လယ် သို့ သွား ကြ၏။ အချို့ တို့သည် ကုန်သွယ် ရာသို့ သွားကြ၏။
Luke 8:14ဆူးပင် တို့တွင် ရှိသောသူ ကား ၊ တရားစကားကိုကြား သည်ရှိ သော်၊ လောကီစိုးရိမ် ခြင်း၊ စည်းစိမ် ကြွယ်ဝခြင်း၊ ကာမဂုဏ် ခံစားခြင်းတို့သည် နှိပ်စက် ၍ အသီး မ သီးသောသူ ကိုဆိုလိုသတည်း။
Luke 18:24ထိုသို့ စိတ်မသာ သည်ကို ယေရှု သည် မြင် တော်မူလျှင် ၊ ဥစ္စာ ရ တတ်သောသူ သည် ဘုရားသခင် ၏ နိုင်ငံ တော်သို့ အလွန်ဝင် ခဲ လှ၏။
John 1:11သူသည်မိမိ ဒေသအရပ်သို့ ကြွလာ သော်လည်း၊ မိမိ လူမျိုးတို့သည် သူ့ ကိုလက် မ ခံဘဲနေကြ၏။