ရှင်လုကာခရစ်ဝင် 16:8
မတရား သော ထို ဘဏ္ဍာစိုး သည် လိမ္မာ စွာပြု သည်ကို သခင် သည် ချီးမွမ်း လေ၏။ အကြောင်းမူကား ၊ လောကီ သား တို့သည် မိမိ တို့အမှုကို ဆောင်ရွက်ရာတွင် ၊ အလင်း သို့ရောက်သောသူ တို့ထက် သာ၍လိမ္မာ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 16
Cross References
Exodus 1:10လာ ကြ၊ သူ တို့ကို လိမ္မာစွာ ပြုကြစို့။ သို့မဟုတ် သူတို့သည် များပြား ကြလိမ့်မည်။ နောက်တခါ စစ်မှု ရောက် လျှင် ငါ တို့ရန်သူ ဘက်သို့ ဝင်စား ၍ ငါ တို့ကို တိုက် သဖြင့် ၊ ပြည် တော်ထဲက ထွက်သွား ကြလိမ့်မည်ဟု မိမိ လူ တို့အား ဆို လေ၏။
2 Kings 10:19သို့ဖြစ်၍ ဗာလ ဘုရား၏ ပရောဖက် များ ၊ အမှု စောင့်များ ၊ ယဇ်ပုရောဟိတ် များ အပေါင်း တို့ကို ခေါ် ကြ။ တယောက် မျှမ ကြွင်း စေနှင့်။ ငါသည် ဗာလ ဘုရားအား ယဇ် ကြီး ကို ပူဇော်မည်။ ကြွင်း သောသူ မည်သည်ကား အသက် မ ရှင်ရဟုဆို ၏။ ထိုသို့ဆိုသော်၊ ဗာလ ကို ကိုးကွယ် သောသူတို့ ကို ဖျက်ဆီး မည် အကြံ နှင့် ပရိယာယ် ပြု ၍ဆို၏
Psalms 49:10ထင်ရှား သောအရာဟူမူကား ၊ ပညာရှိ သောသူတို့ သည် သေ တတ်ကြ၏။ ထို အတူမိုက် သောသူနှင့် တိရစ္ဆာန် သဘောရှိသောသူတို့ သည် ပျက်စီး ခြင်း သို့ရောက်၍ ၊ မိမိ တို့ဥစ္စာ ကို သူတပါး တို့၌ ချန် ထားကြ၏။
Proverbs 12:8လူ သည်ဉာဏ် ပညာရှိသည်အတိုင်း ချီးမွမ်း ခြင်း ကိုခံရ၏။ သဘော ကောက် သော သူမူကား ၊ မထီမဲ့မြင် ပြုခြင်းကို ခံရ ၏။
Luke 16:4ဘဏ္ဍာစိုး အရာမှ ကျ သည်နောက် သူတစ်ပါးတို့သည် မိမိ တို့အိမ် ၌ ငါ့ ကိုလက်ခံ စေခြင်းငှာအဘယ်သို့ ငါ ပြုရမည်ကို ငါသိ ၏ဟူ၍စိတ်ထဲ၌ ကြံစည်ပြီးမှ၊
Luke 18:6မတရား သော ထိုတရားသူကြီး ၏ အကြံကိုမှတ် ကြလော့။