The Bible Software
ရှင်လုကာခရစ်ဝင် · မြန်မာကျမ်းစာ

ရှင်လုကာခရစ်ဝင် 16

1တပည့် တော်တို့အားတစ်ဖန် မိန့် တော်မူသည်ကား၊ ငွေရတတ် သောသူ တစ် ယောက်၌ ဘဏ္ဍာစိုး ရှိ ၏။ ထို ဘဏ္ဍာစိုးသည် သခင် ၏ဥစ္စာ များကို ဖျက်ဆီး သည်အကြောင်း ကို သူတစ်ပါးတို့သည် သခင်ရှေ့၌အပြစ်တင် ကြသော်၊

2သခင်သည် ဘဏ္ဍာစိုး ကို ခေါ် ၍ ၊ သင် ၏အမူအရာ၌ ငါကြား ရသောစကားကား အဘယ်သို့ နည်း။ ဘဏ္ဍာစိုး အရာ၌ မှတ်သားသော စာရင်း ကို ပေး လော့။ ယခု မှစ၍ဘဏ္ဍာစိုး မ လုပ်ရ ဟု ဆို ၏။

3ထိုအခါ ဘဏ္ဍာစိုး က၊ ငါသည် အဘယ်သို့ ပြု ရမည်နည်း။ ငါ ၏သခင် သည် ဘဏ္ဍာစိုး အရာကို နှုတ် လေပြီ။ လယ် လုပ်ခြင်းငှာမ စွမ်းနိုင် ။ သူတောင်းစား လုပ်ခြင်းငှာရှက်ကြောက် ၏။

4ဘဏ္ဍာစိုး အရာမှ ကျ သည်နောက် သူတစ်ပါးတို့သည် မိမိ တို့အိမ် ၌ ငါ့ ကိုလက်ခံ စေခြင်းငှာအဘယ်သို့ ငါ ပြုရမည်ကို ငါသိ ၏ဟူ၍စိတ်ထဲ၌ ကြံစည်ပြီးမှ၊

5သခင် ၏ငွေ ရှိသောသူအပေါင်း တို့ကို ခေါ် ၍ ၊ ငါ ၏သခင် ကို ဆပ်ပေး ရန် သင်၌အဘယ်မျှလောက် ရှိ သနည်းဟု တစ်ယောက်ကိုမေး လျှင်၊

6ထိုသူက၊ ဆီ အခွက် တထောင် ပေးရန် ရှိပါသည်ဟုဆို ၏။ ဘဏ္ဍာစိုးကလည်း ၊ သင် ၏ စာရင်း ကိုယူ ၍ အသော့ ထိုင် ပြီးလျှင် ၊ အခွက်ငါးရာ ကို ရေးမှတ် လော့ဟုဆို ၏။

7ထိုနောက် အခြား သောသူကိုခေါ်၍၊ ငါ၏ သခင်ကိုဆပ်ပေး ရန်သင် ၌ အဘယ်မျှလောက် ရှိသနည်းဟု မေး လျှင် ၊ ထို သူက၊ ဂျုံ စပါးအတင်း တစ်ထောင် ပေးရန်ရှိပါသည်ဟု ဆို ၏။ ဘဏ္ဍာစိုးကလည်း၊ သင် ၏ စာရင်း ကိုယူ ၍ အတင်းရှစ်ရာ ကို ရေးမှတ် လော့ဟု ဆို ၏။

8မတရား သော ထို ဘဏ္ဍာစိုး သည် လိမ္မာ စွာပြု သည်ကို သခင် သည် ချီးမွမ်း လေ၏။ အကြောင်းမူကား ၊ လောကီ သား တို့သည် မိမိ တို့အမှုကို ဆောင်ရွက်ရာတွင် ၊ အလင်း သို့ရောက်သောသူ တို့ထက် သာ၍လိမ္မာ ကြ၏။

9တဖန် ငါ ဆို သည်ကား၊ သင်တို့သည် စုတေ့ သောအခါ ၊ အစဉ်အမြဲ တည်သော ဗိမာန် ၌ သင် တို့ကို လက်ခံ လတံ့သော အဆွေ ရှိစေခြင်းငှာ မ မြဲသော လောကီစည်းစိမ် ကိုသုံးဆောင် ကြလော့။

10အနည်းငယ် သော အမှု၌ သစ္စာ ရှိသောသူ သည် ကြီး သောအမှု၌ လည်း သစ္စာ ရှိ လိမ့်မည်။ အနည်းငယ် သောအမှု၌ သစ္စာ မရှိသောသူ သည် ကြီး သောအမှု၌ သစ္စာ မရှိ။

11သို့ဖြစ်၍ မ မြဲသော လောကီ စည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာ မ ရှိ လျှင် ၊ မှန် သောစည်းစိမ်ကို သင် တို့၌ အဘယ်သူ အပ် မည်နည်း။

12သူတစ်ပါး အမှု ၌ သင်တို့သည် သစ္စာ မ ရှိလျှင် ၊ အဘယ်သူ သည် အပိုင် ပေး မည်နည်း။

13အဘယ် အစေခံ မျှ သခင် နှစ် ဦးအစေ ကို မခံနိုင် ။ သခင်တစ်ဦး ကိုမုန်း ၍ တစ်ဦး ကိုချစ် မည်။ သခင်တစ်ဦး မှီခို ၍ တစ်ဦး ကို မခန့်မညား ပြုမည်။ သင်တို့သည် ဘုရားသခင် ၏ အစေ ကို၎င်း ၊ လောကီစည်းစိမ် ၏အစေကို၎င်း မ ခံနိုင် ကြ ဟု မိန့်တော်မူ၏။

14ငွေ ကို တပ်မက်သော ဖာရိရှဲ တို့သည် ထို စကားများ ကို ကြား လျှင် ၊ ကိုယ်တော် ကို ပြက်ယယ်ပြု ကြ၏။

15ယေရှုကလည်း၊ သင် တို့သည် လူ များရှေ့ မှာ ဖြောင့်မတ် ဟန်ဆောင်သော်လည်း ၊ ဘုရားသခင် သည် သင် တို့၏စိတ်နှလုံး ကို သိမြင် တော်မူ၏။ လူ သဘော အားဖြင့် အမြတ် ထားသောအရာသည် ဘုရားသခင့် ရှေ့ တော်၌ စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။

16ယောဟန် မရောက်မှီတိုင်အောင် ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင် ၏နိုင်ငံ တော်နှင့် ယှဉ်သောဧဝံဂေလိ တရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော် ကို အနိုင်အထက်ဝင် ကြ၏။

17ပညတ္တိ ကျမ်း၌ အငယ်ဆုံးသော ဗိန္ဓု တစ် လုံးပျက်စီး လွယ် ထက် ၊ ကောင်းကင် နှင့် မြေကြီး ပျက်စီး လွယ်၏။

18အကြင်သူသည် မိမိ မယား နှင့်ကွာ ၍ အခြားသောမိန်းမ နှင့်စုံဘက် ခြင်းကိုပြု၏။ ထိုသူသည်မိမိမယား ကို ပြစ်မှား ၏။ လင် ကွာ သောမိန်းမနှင့်စုံဘက် ခြင်းကို ပြုသောသူ သည်လည်း သူ့ မယားကိုပြစ်မှားသည် ဟု မိန့်တော်မူ၏။

19တစ်ဖန်တုံ ၊ သူဌေး တစ် ယောက်သည် နီမောင်း သော ကမ္ဗလာနှင့် ပိတ်ချော ကိုဝတ်ဆင် ၍ ၊ ကာမဂုဏ် စည်းစိမ် ၌ နေ့တိုင်း ပျော်မွေ့ လျက်နေ၏။

20လာဇရု အမည် ရှိသော သူဆင်းရဲ တစ် ယောက်သည် တကိုယ်လုံး၌ အနာစိမ်း ပေါက်၍ ၊

21သူဌေး ၏စားပွဲ မှ ကျ သောစားနုပ်စားပေါက် ကို စား ပါရစေဟု တောင့်တ သောစိတ်နှင့် သူဌေး အိမ် တံခါး နား မှာ တုံးလုံး နေ၏။ ခွေး တို့သည် လာ ၍ အနာစိမ်း များကို လျက် ကြ၏။

22တနေ့သ၌ ထိုဆင်းရဲသား သည် သေ လွန်၍ ၊ ကောင်းကင်တမန် တို့သည် အာဗြဟံ ၏ရင်ခွင် သို့ ပို့ဆောင် ကြ၏။ သူဌေး သည်လည်း သေ လွန်၍ သင်္ဂြိုဟ် ခြင်းကို ခံရလေ၏။

23မရဏာ နိုင်ငံ၌ ပြင်းပြ စွာသောဝေဒနာကို ခံရ လျက် မျှော်ကြည့် ၍ ၊ အာဗြဟံ ကို၎င်း ၊ အာဗြဟံ ၏ ရင်ခွင် ၌ လာဇရု ကို၎င်းအဝေး က မြင် လျှင်၊

24အိုအဘ အာဗြဟံ ၊ အကျွန်ုပ် ကို ကယ်မ သနားတော်မူပါ။ အကျွန်ုပ်သည် ဤ မီးလျှံ ၌ ပြင်းစွာ ခံရသောကြောင့် ၊ လာဇရု သည် မိမိ လက် ဖျား ကို ရေ ၌နှစ် ၍ အကျွန်ုပ် လျှာ ကို အေး စေခြင်းငှာ သူ့ကို အကျွန်ုပ်ရှိရာသို့ စေလွှတ် တော်မူပါဟု ဟစ်ကြော် လေ၏။

25အာဗြဟံ ကလည်း ၊ ငါ့သား ၊ သင် သည် အသက် ရှင်စဉ်အခါ ချမ်းသာ ရ သည်ကို၎င်း၊ လာဇရု သည် ဆင်းရဲ စွာနေရသည်ကို၎င်း အောက်မေ့ လော့။ ယခု မူကား ၊ သူသည်သက်သာ ခြင်းရှိ၏။ သင် သည် ဒုက္ခ ဝေဒနာ ကို ခံရ၏။

26ထိုမှတပါး ၊ ငါ တို့နှင့် သင် တို့ စပ်ကြား ၌ အလွန် နက်လှသော ချောက် ကြီးတည် လျက်ရှိ၏။ ထိုကြောင့် ဤအရပ်မှ သင် တို့ရှိရာသို့ ကူးချင် သောသူ မ ကူး နိုင် ။ ထို အရပ်မှ ငါ တို့ရှိရာသို့ ကူး ချင်သောသူလည်း မ ကူးနိုင် ဟု ဆို ၏။

27သူဌေး ကလည်း၊ အိုအဘ ၊ ထိုသို့ မှန်လျှင်၊

28အကျွန်ုပ်၌ ညီ ငါး ယောက်ရှိ ပါသည်ဖြစ်၍ ၊ သူ တို့သည်ဤ ပြင်းပြ စွာခံရာအရပ် သို့ မ ရောက် မည် အကြောင်း ၊ သူ တို့အား သက်သေခံ စေခြင်းငှာ ၊ လာဇရု ကို အကျွန်ုပ် အဘ ၏အိမ် သို့ စေလွှတ် တော်မူပါ။ အကျွန်ုပ်တောင်းပန် ပါ၏ဟု ပြောဆို လျှင်၊

29အာဗြဟံ က၊ သင်၏ညီတို့၌ မောရှေ မှစ၍ ပရောဖက် များရှိ ကြ၏။ ပရောဖက် တို့၏ စကားကို နားထောင် ကြစေဟုဆို ၏။

30သူဌေးကလည်း၊ မ ဟုတ်ပါ အဘ အာဗြဟံ ။ သေ သောလူစုထဲက တစ်ယောက်သောသူသည် ထမြောက်၍ သူ တို့ရှိရာသို့ သွား လျှင် ၊ သူတို့သည် နောင်တရ ကြပါလိမ့်မည်ဟုဆို သော်၊

31အာဗြဟံက၊ သူတို့သည် မောရှေ ၏စကား၊ ပရောဖက် တို့၏စကားကို နား မ ထောင်လျှင် ၊ တစ်ယောက် သောသူသည် သေ ခြင်းမှ ထမြောက် သော်လည်း မ ယုံကြည် နိုင်ကြဟု အာဗြဟံဆိုသည် ဟု မိန့် တော်မူ၏။

← ရှင်လုကာခရစ်ဝင် 15Read In The App, Free →ရှင်လုကာခရစ်ဝင် 17 →

Study ရှင်လုကာခရစ်ဝင် 16

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324