ရှင်လုကာခရစ်ဝင် 17:20
ဖာရိရှဲ တို့သည် လာ၍၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ်ကာလ မှ တည် ပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ ယေရှု က၊ ကောင်းကင် နိုင်ငံ တော်သည် မျက်မြင် သောအရာ၌ မ တည် ။
မြန်မာကျမ်းစာ
In The King James Version
In Context
19သင်ထ ၍ သွား လော့။ သင် ၏ယုံကြည် ခြင်းသည် သင် ၏အနာကိုငြိမ်း စေပြီ ဟု ထိုသူ အား မိန့် တော်မူ၏။
Read all of ရှင်လုကာခရစ်ဝင် 17
Cross References
Zechariah 4:6ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလ သို့ ရောက်လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား ၊ ဤအမှုသည် ဗိုလ်ခြေ အားဖြင့် မ ဟုတ်၊ အာဏာ တန်ခိုး အားဖြင့် မ ဟုတ်၊ ငါ့ ဝိညာဉ် အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ ၏။
Luke 16:16ယောဟန် မရောက်မှီတိုင်အောင် ပညတ္တိ ကျမ်းနှင့် အနာဂတ္တိ ကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင် ၏နိုင်ငံ တော်နှင့် ယှဉ်သောဧဝံဂေလိ တရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော် ကို အနိုင်အထက်ဝင် ကြ၏။
Luke 19:11ထိုအခါယေရုရှလင် မြို့အနီး သို့ ရောက် တော်မူ၍၊ ဘုရားသခင် ၏နိုင်ငံ တော်သည် ချက်ခြင်း ပေါ်ထွန်း မည်ဟု လူများထင်မှတ် သောကြောင့် ၊ ပရိသတ် အလယ် ၌ မိန့် တော်မူသော ဥပမာ ကား ၊
Acts 1:6ထိုတမန်တော် တို့သည်လည်းစုဝေး ၍ ၊ သခင် ဘုရား၊ ယခု အခါ ကိုယ်တော်သည် ဣသရေလ အမျိုးသားတို့အား နိုင်ငံ ကိုပြန်ပေး တော်မူမည်လောဟု မေး လျှောက် ကြလျှင်၊