The Bible Software
ရှင်လုကာခရစ်ဝင် · မြန်မာကျမ်းစာ

ရှင်လုကာခရစ်ဝင် 17

1တပည့် တော်တို့အား တဖန်မိန့် တော်မူသည်ကား ၊ မှားယွင်း စရာအကြောင်းရှိ ရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကိုဖြစ်စေ သောသူ သည် အမင်္ဂလာ ရှိ၏။

2ဤ သူငယ် တစ်စုံတစ်ယောက် ကို မှားယွင်း စေသည်ထက် ၊ လည်ပင်း ၌ ကြိတ်ဆုံ ကျောက် ကို ဆွဲ ၍ ပင်လယ် ၌ ချ ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။

3သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သင် ၏ ညီအစ်ကို သည် သင့်ကိုပြစ်မှား လျှင် သူ့ ကို ဆုံးမ လော့။ သူသည် နောင်တရ လျှင် သူ ၏အပြစ် ကိုလွှတ်လော့။

4တစ်နေ့ ခြင်းတွင် ခုနစ် ကြိမ်မြောက်အောင် သင့် ကိုပြစ်မှား ၍ ၊ ခုနစ် ကြိမ်မြောက်အောင် သင့် ထံသို့ လှည့် ၍ နောင်တရ ပါ၏ဟုဆို လျှင် ၊ သူ ၏အပြစ် ကို လွှတ်လော့ ဟု မိန့် တော်မူ၏။

5တမန်တော် တို့က၊ အကျွန်ုပ် တို့ ယုံကြည် ခြင်းစိတ်ကို တိုးပွား စေတော်မူပါဟုသခင် ဘုရားကို တောင်းပန် ကြလျှင် ၊

6သခင် ဘုရားက ၊ သင် တို့သည် မုန်ညင်း စေ့ ခန့်မျှလောက် သော ယုံကြည် ခြင်းရှိလျှင် ထို သဖန်းပင် ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနှုတ် ၍ ပင်လယ် ၌ စိုက် လျက်နေလော့ဟု ဆို ကြသော် သင် တို့ စကားကို နားထောင် လိမ့်မည်။

7အစေအပါး သည် လယ်ထွန် သော်၎င်း ၊ သိုး ၊ နွားကျောင်းသော်၎င်း၊ လယ်ပြင် မှ လာ ၍ အိမ်သို့ဝင်သောအခါ၊ ထိုအစေအပါး ကို၊ အသော့ လာ ၍ စားပွဲ၌ လျောင်း လော့ဟု သင် တို့တွင် အဘယ်သူ ပြော မည်နည်း။

8ထိုအစေအပါး ကို၊ ငါစားစရာ ဘို့ပြင် လော့။ ငါစား သောက် စဉ် တွင်ခါးကိုစည်း ၍ ငါ့ ကို လုပ်ကျွေး လော့။ ထိုနောက်မှ သင် သည် စား သောက် ရမည်ဟု ပြော မည်မ ဟုတ်လော။

9ထိုအစေအပါး သည် သခင်စီရင် သည်အတိုင်း ပြု သောကြောင့် ၊ သခင်၌ ကျေးဇူးတင် သလော။ ကျေးဇူး မ တင်။

10ထိုနည်းတူ မှာထား တော်မူသမျှ တို့ကို သင် တို့သည် ကျင့် ပြီးမှ ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါး ဖြစ် သည်မ ဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ ဟုမိန့် တော်မူ၏။

11ယေရုရှလင် မြို့သို့ ကြွ တော်မူစဉ် ၊ ရှမာရိ ပြည် နှင့် ဂါလိလဲ ပြည်စပ်ကြား ၌ ရှောက်သွား တော်မူ၏။

12ရွာ တ ရွာသို့ ဝင် တော်မူသည်တွင် ၊ နူနာစွဲ သော သူ တစ်ကျိပ် တို့သည် ခရီးဦးကြိုပြု ၍ အဝေး ကရပ် လျက်၊

13သခင် ယေရှု ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟု ဟစ်ကြော် ကြ၏။

14ယေရှု သည် မြင် တော်မူလျှင် ၊ သင်တို့သည် ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ ကြလော့ ဟု မိန့် တော်မူသည်အတိုင်း၊ သူ တို့သည် သွား စဉ် တွင်သန့်ရှင်း ခြင်းသို့ ရောက် ကြ၏။

15ထိုသူ တို့တွင် တစ် ယောက်သောသူသည် အနာ ရောဂါကင်းလွတ်သည်ကို သိမြင် လျှင်၊ ပြန်လာ ၍ ကြီး သောအသံ နှင့် ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလေ၏။

16ခြေ တော်ရင်း၌ ပြပ်ဝပ် ၍ ကျေးဇူ တော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူ သည် ရှမာရိ လူဖြစ် သတည်း။

17ယေရှု ကလည်း ၊ တစ်ကျိပ် သောသူ တို့သည်သန့်ရှင်းခြင်းသို့ ရောက် ကြသည်မ ဟုတ်လော။ ကိုး ယောက် သောသူ တို့သည်အဘယ်မှာ ရှိကြသနည်း။

18ဤ တစ်ပါး အမျိုးသားကိုထား ၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်း ခြင်းငှာပြန်လာ သောသူ တစ်ယောက် မျှ မ ရှိ သလော ဟု မေး တော်မူပြီးမှ ၊

19သင်ထ ၍ သွား လော့။ သင် ၏ယုံကြည် ခြင်းသည် သင် ၏အနာကိုငြိမ်း စေပြီ ဟု ထိုသူ အား မိန့် တော်မူ၏။

20ဖာရိရှဲ တို့သည် လာ၍၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ်ကာလ မှ တည် ပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ ယေရှု က၊ ကောင်းကင် နိုင်ငံ တော်သည် မျက်မြင် သောအရာ၌ မ တည် ။

21ဤအရပ် ၌ကြည့် ပါ။ ထို အရပ်၌ ကြည့်ပါဟု ပြော စရာအခွင့်မ ရှိ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် သင် တို့၏အထဲ ၌ရှိ သည် ဟု မိန့် တော်မူ၏။

22တဖန် တပည့် တော်တို့အား မိန့် တော်မူသည်ကား ၊ သင်တို့သည် လူ သား ၏နေ့ရက် တစ် ရက်ကိုမျှ တွေ့မြင် လို ၍ ၊ မ တွေ့ မမြင်ရသောအချိန် ကာလ ရောက် လိမ့်မည်။

23ဤ အရပ်၌ကြည့် ပါ။ ထို အရပ်၌ကြည့် ပါဟု သင် တို့အားပြောဆို သော်လည်း မ လိုက် မ သွား ကြနှင့်။

24ကောင်းကင် တစ်ဘက်မှ ပြက် သောလျှပ်စစ် သည် ကောင်းကင် အနှံ့အပြား ထွန်းလင်း သကဲ့သို့ ၊ လူ သား သည် မိမိ နေ့ရက် ၌ ဖြစ် တော်မူလတံ့။

25ထိုသို့ မ ဖြစ် မှီသူ သည် များစွာ သောဆင်းရဲ ဒုက္ခကို၎င်း ၊ ယခု လူမျိုး ၏ ငြင်းပယ် ခြင်းကို၎င်း ခံရမည်။

26နောဧ လက်ထက် ၌ ဖြစ် သကဲ့သို့ လူ သား လက်ထက် ၌ ဖြစ် လိမ့်မည်။

27နောဧ သည် သင်္ဘော ထဲသို့ ဝင် ၍၊ ရေ လွှမ်းမိုးခြင်းဖြစ် သဖြင့် လူခပ်သိမ်း တို့ကို သုတ်သင်ပယ်ရှင်း သည် နေ့ တိုင်အောင် လူများတို့သည် စား သောက် လျက်၊ ထိမ်းမြား စုံဘက် လျက်နေကြ၏။

28ထိုနည်းတူ ၊ လောတ လက်ထက် ၌ လူများတို့သည်စား သောက် ရောင်း ဝယ် လျက်၊ စိုက်ပျိုး လျက်၊ အိမ် ဆောက် လျက်နေသကဲ့သို့ ၎င်း၊

29လောတ သည် သောဒုံ မြို့မှ ထွက် သောနေ့ ၌ ကောင်းကင် မှ ကန့် နှင့် ရောသောမီး မိုဃ်းရွာ ၍ ထိုလူ အပေါင်း တို့ကို သုတ်သင် ပယ်ရှင်းသကဲ့သို့ ၎င်း ၊

30လူ သား ပေါ်ထွန်း သောနေ့ ၌ ဖြစ် လိမ့်မည်။

31ထို နေ့ရက် ၌ အိမ်မိုး ပေါ်မှာ ရှိ သောသူ သည် မိမိ အိမ် ထဲမှာ ရှိသောဥစ္စာ ကို ယူ ခြင်းငှာမ ဆင်း စေနှင့်။ ထိုအတူ ၊ လယ် ၌ ရှိသောသူ သည် နောက် သို့ လှည့် ၍ မ ပြန်လာစေနှင့်။

32လောတ ၏မယား ကို အောက်မေ့ ကြလော့။

33အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာရှာကြံ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် အသက်ရှုံး ၏။ ထိုသူသည်မိမိအသက် ကို ကယ်ဆယ် လိမ့်မည်။

34ငါ ဆိုသည်ကား၊ ထို နေ့ညဉ့် တွင် အိပ်ရာ တစ်ခု ၌ ရှိ သောသူ နှစ် ယောက်တို့တွင်တစ် ယောက်ကို သိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရလတံ့။

35ကြိတ်ဆုံကြိတ် သောသူနှစ် ယောက်တို့တွင် တစ် ယောက်ကိုသိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရလတံ့။

36လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့ ဟု မိန့်တော်မူလျှင်၊

37သခင် ၊ အဘယ် အရပ်၌ ထိုသို့ ဖြစ်မည်နည်းဟု မေးလျှောက် ကြသော်၊ အသေ ကောင်ရှိရာအရပ် ၌ ရွှေ လင်းတ တို့သည် စုဝေး ကြလတံ့ ဟု မိန့် တော်မူ၏။

← ရှင်လုကာခရစ်ဝင် 16Read In The App, Free →ရှင်လုကာခရစ်ဝင် 18 →

Study ရှင်လုကာခရစ်ဝင် 17

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324