ရှင်လုကာခရစ်ဝင် 17:22
တဖန် တပည့် တော်တို့အား မိန့် တော်မူသည်ကား ၊ သင်တို့သည် လူ သား ၏နေ့ရက် တစ် ရက်ကိုမျှ တွေ့မြင် လို ၍ ၊ မ တွေ့ မမြင်ရသောအချိန် ကာလ ရောက် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
23ဤ အရပ်၌ကြည့် ပါ။ ထို အရပ်၌ကြည့် ပါဟု သင် တို့အားပြောဆို သော်လည်း မ လိုက် မ သွား ကြနှင့်။
Read all of ရှင်လုကာခရစ်ဝင် 17
Cross References
Matthew 9:15ယေရှု က လည်း မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်းအဘော် တို့နှင့်အတူ ရှိ စဉ်အခါသူတို့သည် စိတ်မသာ ညည်းတွားတတ် ကြသလော။ မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့် ခွာ ၍ ယူသွား သော အချိန် ကာလရောက် လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင် ကြလိမ့်မည်။
Luke 5:35မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့်ခွာ ၍ ယူသွား သောအချိန် ကာလရောက် လိမ့်မည်။ ထို ကာလ အခါသူတို့သည် အစာရှောင် ကြလိမ့်မည်။
John 7:33ယေရှု ကလည်း၊ ငါသည် သင် တို့နှင့်အတူ ခဏ သာနေ ပြီးလျှင် ၊ ငါ့ ကိုစေလွှတ် တော်မူသော သူ ထံသို့ သွား ရမည်။ သင်တို့သည် ငါ့ ကိုရှာ ကြလိမ့်မည်။
John 12:35ယေရှု ကလည်း၊ အလင်း သည် သင် တို့တွင်ခဏ သာရှိ ၏။ အလင်း ရှိ စဉ်အခါ သွားလာ ကြလော့။ သို့မဟုတ် လျှင် မှောင်မိုက် သည် သင် တို့မှီ လိမ့်မည်။ မှောင်မိုက် ၌ သွား သောသူ သည် အဘယ် ဆီသို့မိမိသွား သည်ကိုမိမိမ သိ ။
John 16:5ငါ့ ကို စေလွှတ် တော်မူသောသူ ထံသို့ ယခု ငါသွား ရမည်ဖြစ်၍၊ အဘယ် အရပ်သို့ သွား မည်နည်းဟု သင် တို့မ မေး ကြ။
John 17:11ယခုမှစ၍ အကျွန်ုပ်သည် ဤလောက ၌ မ ရှိ ပါ၊ ဤသူ တို့မူကား ၊ ဤလောက ၌ ရှိ ရစ်ကြပါမည်။ အကျွန်ုပ် သည် ကိုယ်တော် ထံသို့ သွား ရပါမည်။ သန့်ရှင်း တော်မူသောအဘ ၊ ကိုယ်တော် နှင့်အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်း ဖြစ်သကဲ့သို့ အကျွန်ုပ် အား ပေး တော်မူသော ဤသူတို့သည် ဖြစ် ရပါမည်အကြောင်း ၊ သူ တို့ကို ကိုယ်တော် ၏ နာမ ၌ တည် စေတော်မူပါ။