ရှင်လုကာခရစ်ဝင် 17:31
ထို နေ့ရက် ၌ အိမ်မိုး ပေါ်မှာ ရှိ သောသူ သည် မိမိ အိမ် ထဲမှာ ရှိသောဥစ္စာ ကို ယူ ခြင်းငှာမ ဆင်း စေနှင့်။ ထိုအတူ ၊ လယ် ၌ ရှိသောသူ သည် နောက် သို့ လှည့် ၍ မ ပြန်လာစေနှင့်။
မြန်မာကျမ်းစာ
In The King James Version
In Context
30လူ သား ပေါ်ထွန်း သောနေ့ ၌ ဖြစ် လိမ့်မည်။
32လောတ ၏မယား ကို အောက်မေ့ ကြလော့။
Read all of ရှင်လုကာခရစ်ဝင် 17
Cross References
Jeremiah 45:5သင် သည် ကြီးစွာ သော အရာတို့ကို ကိုယ် အဘို့ ရှာ သလော။ မ ရှာ နှင့်။ အကြောင်း မူကား၊ ငါ သည် ခပ်သိမ်း သော သတ္တဝါ တို့အပေါ် သို့ ဘေး ရောက် စေမည်။ သို့ရာတွင် ၊ သင်ရောက် လေရာအရပ် တို့၌၊ သင် ၏ အသက် ကို လက်ရ ဥစ္စာကဲ့သို့ သင့် အား ငါပေး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Matthew 16:26လူ သည် ဤစကြဝဠာ ကို အကြွင်းမဲ့ အစိုးရ ၍ မိမိ အသက် ဝိညာဉ်ရှုံး လျှင် အဘယ် ကျေးဇူး ရှိသနည်း။ မိမိ အသက် ဝိညာဉ်ကို အဘယ် ဥစ္စာနှင့်ရွေး နိုင်သနည်း။
Mark 13:14ပရောဖက် ဒံယေလ ဟော သည် အတိုင်း၊ ဖျက်ဆီး တတ်သော ရွံရှာဘွယ် အရာသည် မ နေသင့် သောအရပ် ၌ စိုက်နေ သည်ကို သင်တို့မြင် ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူ သည် နားလည် ပါစေ။ ထိုသို့ မြင်ရလျှင် ယုဒ ပြည် ၌ ရှိသော သူ တို့သည်တောင် ပေါ်သို့ ပြေး ကြစေ။”
Philippians 3:7သို့သော်လည်း ငါ ၏ အကျိုး စီးပွားကို ပြုစုသောအရာ ရှိသမျှတို့ကို ရှုံး စေသောအရာကဲ့သို့ခရစ်တော် ကြောင့် ငါထင်မှတ် ၏။