ရှင်လုကာခရစ်ဝင် 18:13
အခွန်ခံ မူကား ၊ အဝေး ကရပ် ၍ ကောင်းကင် သို့ မ မျှော် မကြည့်ဝံ့ ဘဲ ရင်ပတ် ကိုခက် လျက် ၊ အို ဘုရားသခင် ၊ အပြစ် များသော အကျွန်ုပ် ကို သနား ခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်း လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 18
Cross References
2 Chronicles 33:12ထိုသို့မနာရှေ သည် ဆင်းရဲ ဒုက္ခကို ခံရသောအခါ၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို တောင်းပန် ၍ ၊ ဘိုးဘေး တို့၏ ဘုရားသခင့် ရှေ့ မှာ ကိုယ်ကိုအလွန် နှိမ့်ချ လျက်၊
2 Chronicles 33:23ခမည်းတော် သည် ထာဝရဘုရား ရှေ့ တော်၌ ကိုယ်ကိုနှိမ့်ချ သကဲ့သို့ မ နှိမ့်ချ ဘဲအထူးသဖြင့် ပြစ်မှား ၏။
Job 42:6ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာ ပါ၏။ မြေမှုန့် နှင့် မီးဖိုပြာ ၌ထိုင်၍ နောင်တရ ပါ၏ဟု လျှောက် လေ၏။
Psalms 25:11အိုထာဝရဘုရား ၊ အကျွန်ုပ် အပြစ် များ လှသောကြောင့် နာမတော် ကိုထောက် ၍ ချမ်းသာ ပေးတော်မူပါ။
Psalms 41:4ငါ လျှောက်ဆို ရသည်ကား၊ အိုထာဝရဘုရား ၊ အကျွန်ုပ် ကို သနား တော်ပါ။ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှား မိသည်ဖြစ်၍ ၊ အကျွန်ုပ် ၌ စိတ် ဝိညာဉ်၏ အနာကိုပျောက် စေတော်မူပါဟု လျှောက်ဆို၏။
Psalms 86:15အို ထာဝရ ဘုရား၊ ကိုယ်တော် သည် သနား စုံမက် တတ် သော သဘော၊ ကျေးဇူး ပြုတတ် သော သဘော၊ သည်းခံ တတ်သောသဘော၊ ကရုဏာ နှင့် သစ္စာ ကြွယ်ဝသော သဘောနှင့် ပြည့်စုံ သောဘုရား ဖြစ်တော်မူ၏။