ရှင်လုကာခရစ်ဝင် 21:36
ထို့ကြောင့်သင်တို့သည် ဖြစ် လတံ့သော အမှုအရာ တို့နှင့် ကင်းလွတ် ၍ လူ သား ထံသို့ ရောက် ခြင်းကို ခံထိုက် သောသူ ဖြစ်သည်ဟု မှတ် တော်မူမည်အကြောင်း ၊ အစဉ် ဆုတောင်း လျက်စောင့်နေကြလော့ ဟု မိန့်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
35ထိုနေ့ရက်သည် ပိုက်ကွန် ကဲ့သို့ မြေ တပြင်လုံး ၌ နေ သော လူအပေါင်း တို့ကို အုပ်မိ လိမ့်မည်။
Read all of ရှင်လုကာခရစ်ဝင် 21
Cross References
Job 27:10ထိုသူသည် အနန္တ တန်ခိုးရှင်၌ မွေ့လျော် လိမ့်မည်လော။ ဘုရား သခင်ကို အစဉ် ပဌာန ပြုလိမ့်မည်လော။
Malachi 3:2လာ တော်မူသော နေ့ ရက်ကို အဘယ်သူ သည် မ တိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်း တော်မူ သောအခါ အဘယ်သူ သည် ခံရ လိမ့်မည်နည်း။ ထို သခင် သည် ငွေ စစ်သောသူ၏မီး ၊ ခဝါသည် သုံးသော ဆပ်ပြာ ကဲ့သို့ ဖြစ်တော်မူမည်။
Matthew 25:13သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက် ၊ အချိန် နာရီကို သင်တို့သည်မ သိ သောကြောင့် စောင့် နေကြလော့။
Mark 13:33ထို အချိန် ကာလသည် အဘယ် အခါ၌ ရောက် မည်ကို သင်တို့မ သိ သောကြောင့် သတိပြု ၍ဆုတောင်း လျက် စောင့် နေကြလော့။”
Luke 12:37အကြင် ကျွန် တို့သည် စောင့် လျက်နေသည်ကို သခင် သည်ပြန်လာ ၍တွေ့ ၏။ ထို ကျွန်တို့သည် မင်္ဂလာ ရှိကြ၏။ ငါအမှန် ဆို သည်ကား၊ သခင်သည် ခါးပန်းစည်း လျက် ကျွန် တို့ကို စားပွဲ ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင်လာ ၍သူ တို့အားလုပ်ကျွေး လိမ့်မည်။
Luke 20:35နောင် ဘဝကို၎င်း ၊ သေ ခြင်းမှ ထမြောက် ခြင်းကို၎င်းရထိုက် သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက် ခြင်း၊ ထိမ်းမြား ပေးစားခြင်းကို မ ပြုတတ်ကြ။