ရှင်လုကာခရစ်ဝင် 7:38
နောက် တော်၌ ခြေ တော်အနီးမှာရပ် လျက် ငိုကြွေး ၍ ခြေ တော်ပေါ်သို့မျက်ရည် ကျ လျှင် မိမိ ဆံပင် နှင့်သုတ် လေ၏။ ခြေ တော်ကိုလည်း နမ်း ၍ ဆီမွှေး နှင့် လိမ်း လျက်နေလေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Judges 2:4ထာဝရဘုရား ၏ တမန် တော်သည် ဣသရေလ အမျိုးသားအပေါင်း တို့အား ဤ သို့မိန့် တော်မူသောအခါ ၊ လူ များတို့သည် အသံ ကို လွှင့် ၍ ငိုကြွေး ကြ၏။
Psalms 6:6အကျွန်ုပ် သည် ညည်းတွား ၍ ပင်ပန်း လှပါ၏။ အကျွန်ုပ် ခုတင် ကို ကိုယ် မျက်ရည် ၌ တညဉ့် လုံး မျှော ၍ ၊ အိပ်ရာ ကိုလည်း မွန်း စေပါ၏။
Psalms 51:17ဘုရား သခင်နှစ်သက်တော်မူသောယဇ် မူကား၊ ကျိုးပဲ့ သောစိတ် ပေတည်း။ အိုဘုရား သခင်၊ ကိုယ်တော်သည် ကျိုးပဲ့ ကြေမွသော နှလုံး ကို ငြင်းပယ် တော်မ မူ တတ်ပါ။
Ecclesiastes 9:8သင့် အဝတ် လည်း ၊ အစဉ် ဖြူစင် ပါလေစေ။ သင့် ခေါင်း သည်လည်း နံ့သာ ဆီမ ခန်း မခြောက်စေနှင့်။
Isaiah 57:9ဆီ မွှေးပါ လျက်၊ ရှင်ဘုရင့် ထံသို့ သွား ပြီ။ နံ့သာ မျိုးများကို သုံး ပြီ။ တမန် တို့ကို ဝေး သော အရပ်သို့ စေလွှတ် ၍ ၊ မရဏာ နိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချ ပြီ။
Jeremiah 31:9ငိုကြွေး လျက် လာ ကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသောထိုသူ တို့ကို ငါပို့ဆောင် မည်။ မြစ် နား မှာ ရှောက်သောလမ်း၊ ထိမိ ၍ မလဲရသော လမ်း ဖြောင့် တို့၌ ငါသွေးဆောင် မည်။ အကြောင်း မူကား၊ ငါသည် ဣသရေလ အမျိုး၏ အဘ ဖြစ် ၏။ ဧဖရိမ် အမျိုး သည် ငါ ၏ သားဦး ဖြစ်၏။