ရှင်လုကာခရစ်ဝင် 7:47
ထိုကြောင့် ငါဆို သည်ကား၊ သူသည် များစွာ သောအပြစ် တို့နှင့်လွတ် သည်ဖြစ်၍ အလွန် ချစ် တတ်၏။ အနည်းငယ်သော အပြစ်လွတ် သောသူ သည် အနည်းငယ် မျှသာ ချစ် တတ်သည် ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
46သင်သည်ငါ့ ခေါင်း ကို ဆီ နှင့်မ လိမ်း ။ သူ မူကား ၊ ငါ့ ခြေ ကို ဆီမွှေး နှင့်လိမ်း လေပြီ။
48ထိုမိန်းမ အားလည်း ၊ သင် သည် အပြစ် တို့နှင့် လွတ် လေပြီ ဟု မိန့် တော်မူ၏။
Cross References
Exodus 34:6ထာဝရဘုရား သည် မောရှေ ရှေ့ ၌ ကြွ သွားတော်မူလျက် ၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ် သနားခြင်း မေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာ စောင့်ခြင်းနှင့် ကြွယ်ဝ တော်မူထသော၊
Isaiah 55:7ဆိုး သောသူသည် မိမိ လမ်း ကို၎င်း ၊ မတရား သောသူ သည် မိမိ အကြံ တို့ကို၎င်းစွန့်ပစ် ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်းလဲ ပါစေ။ သို့ပြုလျှင် သနား တော်မူလိမ့်မည်။ ငါ တို့ ဘုရား သခင့်ထံ တော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင်အထူးသဖြင့်အပြစ်ကို လွှတ် တော်မူလိမ့်မည်။
Ezekiel 36:29သင် တို့ကို အညစ်အကြေး ရှိသမျှ တို့နှင့် ငါ ကင်းလွတ် စေမည်။ အစာ ခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ၊ ဆန် စပါးကို မှာ လိုက်၍ များပြား စေမည်။
Matthew 10:37အကြင်သူ သည် ငါ့ ကိုချစ်သည်ထက် မိဘ ကိုသာ၍ချစ် ၏။ ထိုသူသည် ငါ နှင့်မ ထိုက် မတန်။ အကြင်သူ သည် ငါ့ ကို ချစ်သည်ထက် သား သမီး ကို သာ၍ ချစ် ၏။ ထိုသူငါ နှင့်မ ထိုက် မတန်။
Luke 7:39ကိုယ်တော် ကို ခေါ်ပင့် သော ဖာရိရှဲ သည်မြင် လေသော်၊ ဤသူ သည်ပရောဖက် မှန် လျှင် ခြေ တော်ကို ကိုင် သော ဤ မိန်းမ သည်အဘယ်သို့ သောသူဖြစ်သည်ကို သိ လိမ့်မည်။ ဤမိန်းမသည်ဆိုး သောသူဖြစ် ၏ဟု ထင်မှတ်၏။
John 21:15နံနက်စာကို စား ကြသည်နောက် ၊ ယေရှု က၊ ယောန ၏သား ရှိမုန် ၊ ဤ သူတို့သည် ငါ့ ကို ချစ်သည်ထက် သင်သည်သာ၍ချစ် သလော ဟု ရှိမုန် ပေတရု အားမေး တော်မူလျှင်၊ ဟုတ် ပါ၏သခင် ။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟု လျှောက် သော်၊ ငါ ၏သိုးသူငယ် တို့ကို ကျွေးမွေး လော့ ဟု မိန့် တော်မူ၏။